ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း Newsfeed ပွတ်နေမိတဲ့ အကြိမ်ရေ ဘယ်လောက်များခဲ့ပြီလဲ။ တခြားသူ အများစုလိုပဲ ကျွန်တော်တို့ဟာ Facebook ၊ Instagram ၊ TikTok စတဲ့ လူမှုကွန်ရက်တွေကို နေ့စဉ်နာရီပေါင်းများစွာ ကြာအောင် သုံးနေမိတတ်ကြပါတယ်။

လူမှုကွန်ရက်အသုံးများခြင်းဟာ စိတ်ရှုပ်ထွေးမှုကို ပိုဆိုးစေတာ သိပါသလား။ နောက်ပြီး ကိုယ့်ရဲ့ ပင်ကိုယ်လေးစားအထင်ကြီးမှုကို ထိခိုက်စေတယ် ဆိုတာရော သတိထားမိပါသလား။ လူမှုကွန်ရက်တွေက လူတွေရဲ့ ပင်ကိုယ်လေးစားမှုကို ဘယ်လိုထိခိုက်စေသလဲဆိုတာနဲ့ ပတ်သက်လို့ ပြောပြချင်တဲ့အချက်တချို့ ရှိပါတယ်။

(၁) လူတွေရဲ့ အသိအမှတ်ပြုမှုကို အငမ်းမရ လိုချင်လာတယ်

Photo: Freepik

Facebook မှာ ကိုယ်တင်တဲ့ ပို့စ် Like ဘယ်လောက် ရနေပြီလဲဆိုတာကို သိပ်သိချင်လာတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ လူမှုကွန်ရက်ပေါ်က တုံ့ပြန်ချက်တွေကို အရေးပါတဲ့အရာတွေအဖြစ် သတ်မှတ်ခံစားနေရတာဟာ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို လျော့ပါးအောင် လုပ်နေမိတာပဲ ဖြစ်ပါတယ်။

(၂) တခြားသူတွေကို အားကျလာမယ်

Photo: Freepik

လူမှုကွန်ရက်သုံးတယ်ဆိုတာ သိပ်လွယ်ပါတယ်။ ပြဿနာက လူမှုကွန်ရက်သုံးခြင်းဟာ Porn Addiction လိုပဲ မကောင်းတဲ့သက်ရောက်မှုမျိုး ပေးပါတယ်။ ကိုယ်မသုံးနိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေ လူမှုကွန်ရက်ပေါ်မှာ သုံးနေတာ တွေ့ရပါမယ်။ ကိုယ်ဝယ်မစီးနိုင်တဲ့ အကောင်းစားကားတွေ စီးနေတဲ့သူတွေ မြင်ရပါမယ်။ ကိုယ်မသုံးနိုင်တဲ့ ငွေကြေးသုံးစွဲမှုတွေ Newsfeed မှာ တက်လာပါမယ်။ အဆုံးမှာ တခြားသူတွေရဲ့ ဘဝကိုပဲ အားကျပြီး ကိုယ့်ရဲ့ လက်ရှိအခြေအနေကို စိတ်ကုန်လာနိုင်ပါတယ်။

(၃) အရင်လို ရိုးရိုးရှင်းရှင်း မနေနိုင်တော့ဘူး

Photo: Freepik

လူမှုကွန်ရက်ရေစီးကြောင်းမှာ အဖိုးတန် သတင်းအချက်အလက်တွေတင် ရှိတာ မဟုတ်ပါဘူး။ မကောင်းတဲ့ အမှိုက်သရိုက်အညစ်အကြေးတွေ အများကြီးလည်း စီးဆင်းနေတာပါ။ တော်ရုံစိတ်ရင့်ကျက်ပြီး ပညာပြည့်ဝမှု မရှိရင် လူမှုကွန်ရက်ဝဲထဲမှာ ဘဝပါ ထိခိုက်ပျက်စီးတဲ့အထိ အခြေအနေဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် လူမှုကွန်ရက် သုံးမယ်ဆိုရင် ဉာဏ်ရှိရှိသုံးပါ။ သုံးတဲ့အချိန်ကို ကန့်သတ်လျှော့ချပါ။ ကိုယ့်ရဲ့ နေမှုပုံစံပေါ် လူမှုကွန်ရက်ထဲက မကောင်းတဲ့လုပ်ရပ်တွေ သယ်မလာပါနဲ့။