မင်္ဂလာပါပျိုမေလေးတို့ရေ…. ဒီနေ့မှာတော့ ပျိုမေတို့အတွက် ဆံနွယ်လေးတွေ အမြန်ရှည်စေမယ့်နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်နော်။ မိန်းကလေးတွေအနေနဲ့ မျက်နှာအလှအပက အရေးကြီးသလို ဆံကေသာအလှကလည်း အလွန်ကိုအရေးကြီးပါတယ်။ ဆံပင်မသန်စွမ်းတာ၊ အရှည်နှေးတာ၊ ဆံပင်ပျက်စီးတာတွေဖြစ်နေရင် မျက်နှာလေးဘယ်လောက်လှအောင်ပြင်ထားထား အလှကမပြည့်စုံနိုင်ပါဘူးနော်။ ဒါကြောင့် ဆံပင်နဲ့ပတ်သက်တဲ့ပြဿနာတွေကိုကြုံတွေ့နေရတဲ့ပျိုမေတို့အတွက် ဆံပင်သန်ပြီး မြန်မြန်ရှည်လွယ်စေမယ့် အကောင်းဆုံးနဲ့ ထိရောက်မှုအရှိဆုံး နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ Hair Treatment

ပထမဆုံး သဘာဝဆီနဲ့ ဦးရေပြားပေါ်လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ အဲဒီလိုနှိပ်ပေးတာဟာ ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေဖြစ်ဖို့ အကူအညီ ဖြစ်ပါတယ်။ အုန်းဆီ၊ သံလွင်ဆီ စတဲ့ ဆီတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ပထမဆုံး ဆီကို မိုင်ခရိုဝေ့ဗ် (Microwave) နဲ့နွေးအောင်ပြုလုပ်ပါ။

အရမ်းမပူစေဘဲနွေးရုံအနေထားပဲ ပြုလုပ်ပေးရမှာဖြစ်ပြီး အဲဒီဆီကို ဦးရေပြားပေါ်လိမ်းပေးကာ လက်ချောင်းလေးတွေနဲ့ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် ညင်သာစွာ နှိပ်နယ်ပေးပါ။ အဲဒီနောက် မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ပါ။ ဆီတွေ ပြောင်သွားဖို့အတွက် တစ်ကြိမ်ထက်မက လျှော်ပေးရပါမယ်။

၂။ အုန်းဆီနဲ့ ပေါင်းတင်မယ်။

အရမ်းကိုလွယ်ကူပါတယ်။ အုန်းဆီ ရေခွက်တစ်ခွက်ကို ဗာဒံဆီ ၊ အခွံမာသီး (Macadamia) ဆီ နဲ့ Jojoba ဆီ စားပွဲတင်ဇွန်း (၁) ဇွန်းဆီထည့်ပြီး မွှေပါ။ အဲဒီနောက် ဦးရေပြားနဲ့ ဆံနွယ်တွေပေါ် လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ အဲဒီနောက် ခေါင်းလျှော်ချပါ။

 ဆံနွယ်လေးတွေအတွက် အစားအစာ

99f96fc7a55d179f58be4071a8d3a0b8

ရေများများသောက်ပါ။ ပရိုတင်းဓါတ်များများစားပါ။ Omega 3 နဲ့ ဗီတာမင် D ပေါကြွယ်ဝတဲ့ Salmon ငါးစားပါ။ ဗီတာမင် E ပေါကြွယ်ဝတဲ့ သစ်ချသီး စားပါ။ အသား၊ငါးစတဲ့ သံဓါတ်ပြည့်ဝတဲ့ အစားအစာစားပါ။ ခရမ်းချဉ်သီး ၊ Blueberry သီး၊ ဒိန်ချည်သောက်ပါ။

 ဆံပင်သန်စွမ်းဖို့အသုံးဝင်တဲ့နည်းလမ်းများ

တစ်ပတ်ကို ခေါင်းအများဆုံး ၂ ကြိမ် ကနေ ၃ ကြိမ်ထိသာလျှော်ပါ။

ခေါင်းလျှော်တိုင်း ပေါင်းဆေးသုံးပါ။

သဘက်နဲ့ ရေစိုနေတဲ့ ဆံပင်ကို ခပ်ကြမ်းကြမ်းမသုတ်ပါနဲ့။ ခပ်ဖွဖွလေးပဲ သုတ်ပေးပါ။

အိပ်ယာမဝင်ခင် ခေါင်းဖီးပါ။