တချို့ဆိုရင် လူကသိပ်မဝပေမယ့် ဗိုက်နဲ့ခါးမှာတော့ အဆီတွေကရှိနေတတ်ပါတယ်။ ဒီလို ခါးအဆီ၊ ဗိုက်အဆီ သီးသန့်ကျချင်တဲ့သူတွေအတွက် အိမ်မှာနေရင်းနဲ့လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့လေ့ကျင့်ခန်းကိုတော့ အားလုံးလုပ်တတ်မှာပါ။ ဒီလေ့ကျင့်ခန်းက ဗိုက်နဲ့ခါးကအဆီတွေကို သိသိသာသာကျစေပြီး ဗိုက်ချပ်စေပါတယ်။ အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး ခြေထောက်ကို ထောင်လိုက်ချလိုက်လုပ်ပေးရမှာပါ။ ၁၅ ကြိမ်လုပ်ပေးရမှာပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး လက်ကို ဆန့်ထားပါ။ ခန္ဓာကိုယ်ကို ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် အကြိမ် ၃၀ လုပ်ပေးပါ။ ကြမ်းပေါ်မလှဲချရပါဘူး။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ဘယ်ညာ တစ်လှည့်စီ တစ်ဖက်ကို ၄ ကြိမ်စီ လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ၁ စက္ကန့်နေပြီး ခြေထောက်တွေ၊ လက်တွေ ပြန်ချပါ။ ပြီးရင် ပြန်လုပ်ပါ။ ဘယ်ညာတစ်လှည့်စီ အကြိမ် ၃၀ ပြည့်အောင် လုပ်ပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်တွေ လက်တွေ ခါးတွေ အားလုံးကို ဆန့်ထုတ်ပြီး နေရပါမယ်။ ၁ စက္ကန့်နေပြီး ပုံမှန်အတိုင်းပြန်နေ၊ ပြီးရင် ပြန်လုပ်ပါ။ အနည်းဆုံး ၁၅ ကြိမ်လုပ်ရပါမယ်။

Source: www.brightside.me