Workout လုပ်တဲ့အခါမှာ လုပ်ပုံလုပ်နည်းမမှားဖို့က အရေးကြီးပါတယ်။ မှားသွားရင် ခါးနာတာ၊ အဆစ်လွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုကျန်းမာရေးကို ထိခိုက်တာမျိုးတွေ မဖြစ်ရလေအောင် Workout လုပ်တဲ့အခါမှာ ဆင်ခြင်နိုင်ဖို့ သင့်ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ပြုလုပ်ပုံအမှား ၉ ခုကို မျှဝေပေးလိုက်ပါတယ်။

Hyperextension

Hyperextension လုပ်တဲ့အခါမှာ Body အနေအထားက Straight Line ပုံစံ ဖြစ်နေရပါမယ်။ အဲ့လိုမဟုတ်ပဲ ပထမပုံထဲကလိုပုံစံမျိုးဖြစ်နေတာက မှားပါတယ်။ အခန့်မသင့်ရင် ခါးနာနိုင်ပါတယ်။

One-arm Dumbbell Row

One-arm Dumbbell Row လုပ်တဲ့အခါမှာလည်း တူတူပါပဲ။ တင်ပါးနဲ့နောက်ကျောက Straight Line ပုံစံ ဖြစ်နေရပါမယ်။ ပထမပုံထဲမှာဆိုရင် ခေါင်းကိုမော့ထားတဲ့အတွက် နောက်ကျောအနေအထားက ကွေးသွားပါတယ်။ ဒီလိုပုံစံမျိုးက မှားနေတာကြောင့် သတိထားပေးပါ။

One-legged Squat

One-legged Squat လုပ်တဲ့အခါမှာလည်း ဒုတိယပုံထဲကလို ခါးကိုဆန့်ပြီး မတ်ထားရပါမယ်။ ပထမပုံထဲကလို ကွေးနေတာ၊ ကုန်းနေတာမျိုးက လုံးဝကိုမှားပါတယ်။ အကျိုးမရှိစေတဲ့အပြင် ခါးနာတာ၊ လက်မောင်းနာတာတွေပါ ဖြစ်တတ်တာကြောင့် ပြုလုပ်ပုံ အနေအထားမှန်ဖို့ အရေးကြီးပါတယ်။

Dumbbell Lunges

Dumbbell Lunges လုပ်တဲ့အခါမှာ ခါးကိုတော့ ကော့မတ်ထားကြပါတယ်။ အများစုမှားကြတဲ့ပုံစံကတော့ ခြေထောက်အနေအထားပါပဲ။ ရှေ့ထုတ်ထားတဲ့ ခြေထောက်အနေအထားက ပထမပုံထဲကလို ကွေးနေတာ၊ စောင်းနေတာမျိုး ဖြစ်လို့မရပါဘူး။

Squat

Squat ထိုင်တဲ့အခါမှာ ခါး၊ ကျောရိုးနဲ့ ပခုံးအနေအထားက ကွေးနေလို့မရပါဘူး။ ဒုတိယပုံထဲကလို မတ်ပြီးတော့ Straight Line ပုံစံ ဖြစ်နေရပါမယ်။

Back Squat

Back Squat လုပ်တဲ့အခါမှာတော့ ပိုအရေးကြီးပါတယ်။ နောက်ကျောအနေအထားအပြင် ခြေထောက်အနေအထားလည်း မှန်ရပါမယ်။ ပထမပုံထဲကလိုမျိုး မလုပ်မိအောင် သတိထားပေးပါ။

Plank

Plank ထောက်တဲ့အခါမှာ တင်ပါးနဲ့နောက်ကျောက Straight Line ပုံစံဖြစ်နေရပါမယ်။ ပထမပုံထဲကလို ကွေးနေလို့လည်းမရသလို တတိယပုံထဲကလို ကုန်းနေလို့လည်း မရပါဘူး။ Plank ထောက်တာက ပင်ပန်းတဲ့အတွက် ပင်ပန်းပြီးအကျိုးရှိဖို့ ပုံစံမှန်အောင်လုပ်ပေးပါ။

Alternating Side Lunges

Alternating Side Lunges လုပ်တဲ့အခါ တော်တော်များများက ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တာနဲ့ Body က အရှေ့ကို ကုန်းသွားတတ်ပါတယ်။ အဲ့လိုဖြစ်လို့မရပါဘူး။ ဒုတိယပုံထဲကလို ဆန့်ထားရပါမယ်။

Hip Bridge

Hip Bridge လုပ်တဲ့အခါမှာ Body က Straight Line ပုံစံ ဖြစ်နေရပါမယ်။ ပထမပုံထဲကလို အနေအထားမျိုး လုပ်မိရင် ခါးနာတာ၊ ဇာတ်နာတာတွေ ဖြစ်ပါလိမ့်မယ်။