ကျွန်မတို့တွေအားလုံး ကျန်းမာရေးအပါအဝင် ခန္ဓာကိုယ်အလေးချိန်အတွက် လုံလောက်တဲ့ ဝီရိယတွေ စိုက်ထုတ်နိုင်ခြင်းမရှိကြပါဘူး။ “ဝိတ်တော့ကျချင်တယ် လေ့ကျင့်ခန်းပြုလုပ်ဖို့တော့ အချိန်မပေးနိုင်ဘူး”ဆိုတဲ့သူတွေအတွက် အဆီကို သဘာဝနည်းလမ်းအတိုင်း လောင်ကျွမ်းစေပြီး ရိုးရှင်လွယ်ကူတဲ့ နည်းလမ်း ၉ မျိုးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ယမကာလျှော့သောက်ပါ။

face3

အမြဲလိုလို ယမကာသာက်သုံးတဲ့အခါ ကိုလက်စထရောများတဲ့ အစာပြေစာကိုပါ တွဲပြီး စားသုံးကြပါတယ်။ အဲဒါဟာ ကိုယ်အလေးချိန်ကို သိသိသာသာတက်စေပါတယ်။ ဒါ့ကြောင့် ယမကာကို တတ်နိုင်သမျှလျှော့သောက်မယ်ဆိုရင် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားမှာဖြစ်ပါတယ်။

၂။ ည ၉ နာရီနောက်ပိုင်း အစာမစားပါနှင့်

Eating late at night in front of the computer; Shutterstock ID 312344102; PO: today.com

ကိုယ်အလေးချိန်တက်တာအတွက် အကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်းကတော့ ည ၉ နာရီကျော်ပြီးတဲ့နောက်ပိုင်း မည်သည့်အစားအစာမှမစားပါနဲ့။ အဲဒီလို စားသုံးတာဟာ ကယ်လ်လိုရီပမာဏကို မြင့်တက်စေပြီး ကိုယ်အလေးချိန်တက်စေပါတယ်။ တစ်နေ့တာလုံးအတွက် လုံလောက်တဲ့အစားအစာကို ကျွန်မတို့ စားသုံးပြီးဖြစ်ပါတယ်။ အစာစားချင်စိတ်ဖြစ်လာတာဟာ စိတ်ဖိစီးမှုနဲ့ ပျင်းရိတာကြောင့်ပါ။

၃။ ရေများများသောက်ပါ။

drink-plenty-of-water1

ရေအများအပြားသောက်တာဟာ ခန္တာကိုယ်အတွက် ကုန်ခန်းသွားတဲ့ အားအင်တွေကို ပြည်လည်ဖြည့်ဆည်းဖို့သာမက အရေပြားကျန်းမာရေးအတွက်ကောင်းမွန်သလို ကိုယ်အလေးချိန်လျှော့ချရာမှာလည်း များစွာအထောက်အကူဖြစ်စေပါတယ်။ ရေများများသောက်ပါနော်။

၄။ အိပ်ရေးဝဝအိပ်ပါ။

sleeping

အိပ်ရေးဝဝအိပ်ပါလို့ ပြောပါတာ။ မိမိစိတ်ကျေနပ်တဲ့ထိ နေဖင်ထိုးအောင်အိပ်ပါလို့ ပြောတာမဟုတ်ပါဘူးနော်။ သင့်ခန္တာကိုယ်အတွက် သင့်တော်တဲ့ အနားယူအိပ်စက်မှုဟာ သိပ်ကိုအရေးကြီးပါတယ်။ အိပ်ရေးမဝတာဟာ စိတ်ဖိစီးမှုကို မြင့်တက်စေပါတယ်။ စိတ်ဖိစီးတာကြောင့် ဟော်မုန်းထိခိုက်မှုဖြစ်နိုင်ပြီး မကြာခဏဆိုသလို ဗိုက်ဆာနေတတ်ပါတယ်။ စိတ်ဖိစီးမှုများလေလေ အစားပိုစားမိလေလေဖြစ်ပြီး ကိုယ်အလေးချိန် မြင့်တက်လာမှာဖြစ်ပါတယ်။

၅။ ကော်ဖီသောက်ပါ။

drinking-coffee

ဒီနေရာမှာ အချိုဓါတ်လွန်ကဲတဲ့ ကော်ဖီကို ပြောချင်တာမဟုတ်ပါဘူးနော်။ ကော်ဖီ ပလိန်းကို ရည်ညွှန်းပြောချင်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်ဟာ သွေးတွင်းမှာ အဆီဓါတ်ကို လောင်ကျွမ်းစေတဲ့ အက်ဆစ်ဓါတ်တစ်မျိုးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ အရမ်းကိုအထောက်အကူဖြစ်စေပါတယ်။

၆။ နေရောင်ခြည် ထိတွေ့ပါ။

2846274-main_image

မနက်အိပ်ရာနိုးတာနဲ့ ခန်းဆီးကိုဖွင့်ပြီး မနက်ခင်းရဲ့ နေခြည်နုနုကို ထိတွေ့ခံစားလိုက်ပါ။ နေရောင်ခြည်ကို ထိတွေ့မှုပြုလုပ်တာဟာ မထိတွေ့သူတွေထက် ကိုယ်အလေးချိန် အချိုးအစား အညွှန်းကိန်း (MBI) သိသိသာသာ လျော့နည်းနေတာကို သက်သေပြနိုင်ခဲ့ပါတယ်။

၇။ မနက်စာအတွက် ကြက်ဥတစ်လုံးစားပါ။

girl-eating-eggs

သင့်ရဲ့မနက်ခင်းကို ပရိုတင်းဓါတ်ပြည့်ပြည့်ဝဝနဲ့ စတင်လိုက်ပါ။ အဲဒီလိုစတင်တာဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို မြင့်မားစေပါတယ်။ အစားစာချင်စိတ်ကို လျှော့ချဖို့အတွက် သင့်ရဲ့မနက်စာမှာ ဒိန်ချည်ထည့်စားပါ။

၈။ သင်စားသမျှကို ရေးချပါ။

istock_000014743269_large

တစ်နေ့တာအတွင်း သင်စားမိတဲ့အစားအစာတွေကို ရေးချတာဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ အခုလို ချရေးသူတွေဟာ ချမရေးတဲ့သူတွေထက် အစာစားသုံးမှု နည်းတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

၉။ သရေစာမစားပါနဲ့

food-data-640x427

အလုပ်လုပ်နေချိန်မှာ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ သရေစာကို စားသုံးတတ်လေ့ရှိကြပါတယ်။ ကယ်လိုရီများတဲ့ သရေစာ မုန့်တွေစားသုံးမဲ့အစား ပန်းသီး (သို့) ပျားရည် စတဲ့ သဘာဝ အစားအစာတွေကို အစားထိုး စားသုံးနိုင်ပါတယ်။

ရလဒ်ကောင်းတွေ ရရှိနိုင်ကြပါစေ။