လက်မောင်းနောက်ဘက်မှာ အဆီတွေရှိနေတာက မိန်းကလေးတွေဆိုရင် Bra ဝတ်တဲ့အချိန်၊ လက်ပြတ်ဝတ်တဲ့အချိန်တွေမှာ ပိုသိသာပါတယ်။ Bra ဝတ်တာနဲ့ အဆီက လျှံထွက်သလိုဖြစ်နေတာဆိုရင် နည်းနည်းကျပ်တဲ့အင်္ကျီဝတ်လိုက်တာနဲ့ ပေါ်လွင်နေတာပါ။ ဒါကြောင့် လက်မောင်းနောက်ဘက်က အဆီတွေ သိသိသာသာလျော့သွားစေမယ့် လေ့ကျင့်ခန်းတွေကို ပြောပြပေးလိုက်ပါတယ်။

၂ မိနစ်လောက် နေ့တိုင်း ကြိုးခုန်ပါ။

A ပုံစံအနေအထားအတိုင်း အလေးတုံးကိုကိုင်ပြီး စနေရာယူပါ။ B ပုံစံအနေအထားအတိုင်း လက်တစ်ဖက်ကို တန်းနေအောင် ဆန့်ထုတ်ထားပါ။ ဆန့်ထုတ်ထားတဲ့အတိုင်း စက္ကန့် ၆၀ နေပါ။ C ပုံစံအနေအထားအတိုင်း လက်နောက်တစ်ဖက်ကို ဆန့်ထုတ်ထားပြီး စက္ကန့် ၆၀ ထပ်နေပါ။ အဲ့အတိုင်း ၃ ကြိမ်ပြည့်အောင် လုပ်ပါ။ တစ်ကြိမ်လုပ်ပြီးတိုင်း စက္ကန့် ၃၀ နားလို့ရပါတယ်။

A ပုံစံအနေအထားအတိုင်းနေပြီး B ပုံစံအနေအထားအတိုင်း ခြေထောက်နဲ့ လက်ကို ဆန့်ထုတ်လိုက်ပါ။ ခေါင်းအနေအထားလည်း ပုံထဲကအတိုင်း ဖြစ်ရပါမယ်။ ဒါလည်း ၃ ကြိမ်လုပ်ရပါမယ်။

A ပုံစံအနေအထားအတိုင်း အလေးကိုမထားပြီး B ပုံစံအတိုင်း ဖြေးဖြေးချင်းကွေးတင်လိုက်ပါ။ ၃ ကြိမ်ပြည့်အောင်လုပ်ပေးပါ။ ဒါကတော့ အိမ်မှာလုပ်ရင် ပစ္စည်းရှိမှ လုပ်လို့အဆင်ပြေတာဆိုတော့ ဒီပစ္စည်းမရှိရင် ဒီလေ့ကျင့်ခန်းတစ်ခုကို ကျော်သွားလို့ရပါတယ်။

A ပုံစံအနေအထားအတိုင်း နေပြီး B ပုံစံအနေအထားဆက်လုပ်ပါ။ ဒိုက်ထိုးသလိုပါပဲ။ သူကတော့ ဖြေးဖြေးချင်းလုပ်ရမှာပါ။ ၃ ကြိမ်ပြည့်အောင်လုပ်ပါ။

A ပုံစံအနေအထားနဲ့စနေပြီး B ပုံစံအနေအထားကို ပြောင်းလုပ်ရပါမယ်။ ဒီလေ့ကျင့်ခန်းမှာတော့ ခြေထောက်နဲ့ လက် အနေအထား သေချာမှန်နေဖို့လိုပါတယ်။ ဒါလည်း ၃ ကြိမ်ပြည့်အောင် လုပ်ပေးပါ။

A ပုံစံအနေအထားနဲ့စနေပြီး B ပုံစံအနေအထားအတိုင်း ဟိုဘက်လှည့် လက်ကိုထောက်၊ နောက်တစ်ဖက်က ဆန့်ထုတ်ထားပါ။ တန်းနေအောင်လုပ်ပါ။ ပြီးရင် ဒီဘက်ပြန်လှည့်ပြီး C ပုံစံအနေအထားအတိုင်း ဆက်လုပ်ပါ။ ၃ ကြိမ်ပြည့်အောင် လုပ်ပေးပါ။

ကြမ်းမှာမှောက်ပြီး A ပုံစံအနေအထားနဲ့ စနေပါ။ ပြီးရင် B ပုံစံအနေအထားနဲ့ စက္ကန့် ၂၀ နေပါ။ ပြီးရင်တော့ စက္ကန့် ၃၀ နားပြီး A ပုံစံပြန်လုပ်၊ B ပုံစံပြန်လုပ်နဲ့ ၃ ကြိမ်ပြည့်အောင် လုပ်ပါ။

အိမ်မှာ ဒီလိုလေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးရှိရင် ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့် ၂၀ ပြည့်အောင် နေပေးပါ။ လက်မောင်းနောက်က အဆီလည်းကျစေသလို ခါးနားတာလည်း သက်သာစေပါတယ်။

Source: www.brightside.me