အချိန်မရွေး workout လုပ်လို့ရတယ်ဆိုပေမယ့် မနက်ခင်းမှာ workout လုပ်ပေးခြင်းက ဒီလိုကောင်းကျိုး ၉ ခု ရရှိစေပါတယ်။

ဦးနှောက်လုပ်ဆောင်ရည်မြင့်တက်လာခြင်း

မနက်ခင်းမှာ workout လုပ်ပေးခြင်းက ဦးနှောက်လုပ်ဆောင်ရည်တွေ မြင့်တက်လာစေပါတယ်။ Idea သုံးပြီး အလုပ်လုပ်ရတဲ့သူတွေဆို ပိုတောင်လုပ်သင့်ပါတယ်။

ညဘက်တွေမှာအိပ်လို့ပိုကောင်းခြင်း

ပုံမှာကိုယ်လက်လှုပ်ရှားမှုတစ်ခုအဖြစ်နဲ့ မနက်ပိုင်းမှာ workout လုပ်ပေးခြင်းက သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပြီး ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ဝိတ်ကျဖို့လွယ်ကူခြင်း

မနက်ခင်းမှာ workout လုပ်ပေးတာက ပိုပြီးထိရောက်မှုရှိတဲ့အတွက် ဝိတ်ကျဖို့ဆိုလည်း ပိုပြီးလွယ်ကူပါတယ်။

စိတ်ခံစားချက်ပိုကောင်းစေခြင်း

မနက်ခင်းမှာ စောစောထပြီး workout လုပ်ပေးတဲ့အခါ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းမှုရှိပြီး တစ်နေကုန် စိတ်ကြည်လင်နေမယ်၊ တက်ကြွနေမယ်၊ စိတ်ခံစားချက်တွေ ပိုပြီးကောင်းမွန်နေပါမယ်။

နှလုံးကျန်းမာရေးပိုကောင်းစေခြင်း

ကျန်းမာရေးအနေနဲ့ဆိုရင်လည်း မနက်ခင်းမှာ workout လုပ်ပေးတာက နှလုံးကျန်းမာရေး ပိုကောင်းလာစေပါတယ်။

ကိုယ်ခံအားစနစ်ပိုကောင်းလာခြင်း

ပုံမှန် မနက်ခင်း workout လုပ်ပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်လည်း ပိုပြီးကောင်းမွန်လာပါလိမ့်မယ်။ ကိုယ်ခံအားစနစ်ကောင်းနေတော့ ဖျားနာတာတွေလည်း တော်ရုံမဖြစ်တော့ဘူးပေါ့။

အသားအရေကြည်လင်လာစေခြင်း

Workout လုပ်ပေးတာက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ချွေးပုပ်တွေထွက်စေတာကြောင့် အသားအရေ ကြည်လင်လာစေပါတယ်။

Cortisol Levels မြင့်လာခြင်း

တခြားအချိန်မှာ workout လုပ်ပေးတာထက် မနက်ခင်းမှာ လုပ်ပေးခြင်းက cortisol levels မြင့်လာစေဖို့ အထောက်အကူပြုပါတယ်။

အာဟာရမျှတတဲ့မနက်စာကိုစားတတ်လာခြင်း

Workout လုပ်ပြီးရင် ဗိုက်ဆာတဲ့အတွက် မဖြစ်မနေ မနက်စာကို စားကြပါတယ်။ ပုံမှန်ဆိုရင်တောင် မနက်စာမစားပဲ ရုံးသွား၊ ကျောင်းသွားတဲ့သူတွေ အများကြီးပါ။ ဒါ့အပြင် workout ပုံမှန်လုပ်နေကျသူက အာဟာမျှတအောင်လည်း ပိုပြီးစားတတ်လာပါတယ်။ အထူးသဖြင့် မနက်စာမလွတ်တော့တဲ့အတွက် ကျန်းမာရေးအတွက်လည်း ပိုပြီးအထောက်အကူ ဖြစ်လာစေပါတယ်။