ကိုယ့်မှာရှိတဲ့ မကောင်းတဲ့အလေ့အကျင့်တွေကို ဖျောက်ပစ်သင့်ပါတယ်။ အထူးသဖြင့် ဒီအလေ့အကျင့် ၉ ခုကို ပြင်ဆင်ပြီး ဖျောက်ပစ်သင့်ပါတယ်။

ဆဲဆိုခြင်း

ဆဲဆိုတာက အကျင့်တစ်ခုလိုလုပ်ထားရင် အရမ်းဒေါသထွက်တဲ့ အခြေအနေမှာဆို ပိုဆိုးပါလိမ့်မယ်။ သူများအမြင်မှာလည်း မကောင်းပြောစရာဖြစ်စေတာကြောင့် ဆဲတာကိုအကျင့်တစ်ခုလို မလုပ်သင့်ပါဘူး။

လက်သည်းကိုက်ခြင်း

လက်သည်းကိုက်တတ်တဲ့အကျင့်က မကောင်းတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုရင် လက်သည်းအလှလည်း ပျက်စီးစေသလို လက်သည်းကျန်းမာရေးလည်း ထိခိုက်စေပါတယ်။

အဆီများတဲ့အစားအသောက်စားခြင်း

အဆီများတဲ့ အစားအသောက်တွေကို တစ်ခါတစ်လေစားတာ ဘာမှမဖြစ်ပေမယ့် အလေ့အကျင့်တစ်ခုလို အမြဲတမ်း အဆီများတာတွေကိုပဲ စားသောက်နေမယ်ဆိုရင်တော့ ဝလာမှာပါ။ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

Social Media ကိုအလွန်အကျွံသုံးစွဲခြင်း

Social Media ကို အလွန်အကျွံသုံးစွဲခြင်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသလို အချိန်ကုန်ပြီး အကျိုးမရှိတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အပျင်းပြေသုံးတာမျိုးလောက်ပဲ ကောင်းပါတယ်။

အသုံးအဖြုန်းကြီးခြင်း

အသုံးအဖြုန်းကြီးတဲ့ အလေ့အကျင့်ရှိရင် ကြိုးစားပြင်ဆင်သင့်ပါတယ်။ အသုံးအဖြုန်းကြီးလွန်းတဲ့အခါ ဘယ်လောက်ရရ မလောက်ပဲနေပါလိမ့်မယ်။ လိုချင်တာတွေလည်း မပြီးဆုံးနိုင်တော့ပဲ တစ်ခုခု အရေးအကြောင်းဖြစ်လာတဲ့အခါ စုဆောင်းထားတာ မရှိပဲနေပါလိမ့်မယ်။

အချိန်ဆွဲခြင်း

အချိန်ဆွဲတာဟာလည်း မကောင်းတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ ပြီးရမယ့်အလုပ်တွေလည်းမပြီးသလို ပျင်းရိတဲ့စိတ်ကိုလည်း ပိုဖြစ်လာစေပါတယ်။

အတင်းပြောလွန်းခြင်း

လူတိုင်းလိုလို အတင်းပြောတတ်တာပါပဲ။ ဒါပေမယ့် အလေ့အကျင့်တစ်ခုလိုမျိုး အမြဲအတင်းပြောနေတာမျိုး၊ လူတကာအကြောင်း အတင်းပတ်ပြောနေတာမျိုးဆိုရင်တော့ မကောင်းပါဘူး။

ကိုယ့်ကိုယ်ကို Negative အမြင်တွေများခြင်း

နောက်ဆုံးပြင်သင့်တဲ့ မကောင်းတဲ့အလေ့အကျင့်ကတော့ ကိုယ့်ကိုယ်ကို Negative အမြင်တွေများခြင်းပါပဲ။ တစ်ခုခုဆို အကောင်းဘက်ကမတွေးပဲ ကိုယ့်ကိုယ်ကို အကောင်းဘက်ကနေ မမြင်ပဲ မကောင်းတာတွေ Negative ဆန်တာတွေပဲ မြင်နေပြောနေရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ဆုံးရှုံးစေပါတယ်။