တစ်ခါတစ်လေကျရင် အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်က ကိုက်ခဲနာကျင်တာ၊ နုံးချိပြီး မအီမသာဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ Stress တွေများနေရင်လည်း ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်နာကျင်မှုတွေနဲ့ stress တွေလျော့ကျပြီး စိတ်ရောကိုယ်ပါ ပေါ့ပါးသွားစေဖို့ ကူညီပေးမယ့် အလွယ်ကူဆုံးနည်းလမ်း ၈ မျိုးကို ပြောပြပေးလိုက်ပါတယ်။

ရေနွေးစိမ်ပြီးရေချိုးပါ

၁၅ မိနစ်လောက် ရေနွေးစိမ်ပေးပြီး ရေချိုးတာက နာကျင်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ နုံးချိပြီး ကိုယ်လက်မအီမသာဖြစ်တာတွေကို သက်သာစေပြီး stress တွေလည်း လျှော့ချပေးနိုင်ပါတယ်။ အသက်ရှူစနစ် ပိုမိုကောင်းမွန်လာစေပြီး သွေးပေါင်ချိန်လည်း ညီမျှစေပါတယ်။ တစ်နာရီကြာ ရေနွေးစိမ်ပေးခြင်းက ကယ်လိုရီ ၁၄၀ လောင်ကျွမ်းစေပါတယ်။

ရေခဲကပ်ပေးပါ

ပုံမှာပြထားတဲ့အတိုင်း လက်မနဲ့လက်ညှိုးကြားကို ရေခဲနဲ့ စက်ဝိုင်းပုံစံလှည့်ပြီး ပွတ်ပေးပါ။ ၇ မိနစ် (သို့) ထုံသွားတဲ့အထိသာ ပွတ်ပေးပါ။

Foot Massage

ခြေဖဝါးကို ပုံမှာမြှားပြထားတဲ့အတိုင်းသာ လက်ချောင်းလေးတွေနဲ့ ဖြေးဖြေးချင်းစီ massage လုပ် နှိပ်နယ်ပေးပါ။ ဒီနည်းလမ်းကတော့ နောက်ကျောနဲ့ ခါးနာတာ သက်သာစေပါတယ်။

Face Massage

ပုံမှာပြထားတဲ့နေရာလေးတွေကို မြှားပြထားတဲ့အတိုင်း လက်ချောင်းလေးတွေနဲ့ massage လုပ် နှိပ်နယ်ပေးမယ်ဆိုရင်တော့ stress တွေ လျော့ကျသွားစေပါတယ်။ ကိုယ်တိုင်မနှိပ်တတ်ရင် ဆိုင်မှာ သွားနှိပ်တာမျိုး လုပ်သင့်ပါတယ်။

ပီကေဝါးပါ

ပီကေဝါးပေးခြင်းကတော့ စိတ်ဖိစီးမှုတွေနဲ့ stress တွေ၊ စိုးရိမ်ပူပန်မှုတွေကို လျော့ကျသွားစေတဲ့ အလွယ်ကူဆုံး နည်းလမ်းပါပဲ။

Hand Massage

ပုံမှာပြထားတဲ့အတိုင်း hand massage လုပ်ပေးခြင်းကတော့ စိတ်ဖိစီးမှုတွေ stress တွေ လျော့ကျသွားစေဖို့ ကူညီပေးပါတယ်။

ကြွက်သားတွေကို Relax လုပ်ခြင်း

ကြမ်းမှာလှဲအိပ်ပြီး ခြေထောက်ကိုဆန့်ထားပါ။ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ထားပါ။ ပြီးရင် မျက်စိမှိတ်ပြီး အသက်ကို ရှိုက်ပြီးရှူလိုက်၊ ခပ်ပြင်းပြင်းလေး ပြန်ထုတ်လိုက်နဲ့ ၅ မိနစ်လောက်သာ လုပ်ပေးပါ။ Stress တွေလျော့ကျပြီး စိတ်ပေါ့ပါးလန်းဆန်းစေပါတယ်။ ကြွက်သားနာကျင်တာတွေလည်း သက်သာစေပါတယ်။

အသက်ရှူလေ့ကျင့်ခန်း

တရားထိုင်သလိုမျိုးထိုင်ပြီး နှာခေါင်းနဲ့ရှူကာ ပါးစပ်နဲ့ လေပြန်ထုတ်ပါ။ မျက်စိမှိတ်ထားပါ။ အဲ့အတိုင်း အနည်းဆုံး ၅ မိနစ်နေပေးပါ။ ကြာကြာထိုင်ပြီး လုပ်နိုင်လေ ကောင်းလေပါပဲ။ ဒီနည်းလမ်းကတော့ stress တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို သိသိသာသာ လျော့ကျသွားစေပါတယ်။