စာကျက်ရတဲ့သူတွေပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေရတဲ့သူတွေပဲဖြစ်ဖြစ် စိတ်ရောလူပါ နေ့တိုင်းပင်ပန်းရတဲ့အတွက် ပင်ပန်းမှုတွေလျော့ကျအောင် နားရက်တွေမှာ အပြည့်အဝအနားယူပြီး Relax လုပ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ အေးအေးဆေးဆေး အနားယူနိုင်မယ့် အချက် ၈ ချက်ကို ပြောပြပေးလိုက်ပါတယ်။

အိပ်ပါ

ကျန်တဲ့ရက်တွေမှာ အိပ်ရေးဝအောင် သေချာမအိပ်ရဘူးဆိုရင် နားတဲ့ရက်မှာ အိပ်ရေးဝအောင် သေချာအိပ်ပါ။ အိပ်ရေးဝလေ စိတ်ပိုလန်းလေပါပဲ။

အားကစားလုပ်ပါ

ကိုယ်ဝါသနာပါတဲ့ အားကစားတစ်ခုခုလုပ်ပေးခြင်းကလည်း စိတ်ပျော်ရွှင်မှုရစေသလို စိတ်ရောကိုယ်ပါ Relax ဖြစ်စေပါတယ်။

Massage လုပ်ပါ

ဘာမှမလုပ်ချင်ဘူး Relax ပဲလုပ်ချင်တာဆိုရင်တော့ Massage လုပ်ပါ။ စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။

Spa သွားပါ

ဒါ့အပြင် Spa သွားတာမျိုးလည်း လုပ်လို့ရသေးတယ်နော်။ အသားအရေလည်းလှပြီး စိတ်ရောကိုယ်ပါ ကြည်လင်ပြီး လန်းဆန်းမှု ရရှိစေပါတယ်။

တရားထိုင်ပါ

အိပ်မှာပဲအေးအေးဆေးဆေး နေဖြစ်တဲ့အခါမှာဆိုရင်တော့ တရားထိုင်ကြည့်ပါ။ အနည်းဆုံး ၁၅ မိနစ်လောက်ရအောင်ထိုင်ကြည့်ပါ။

စာဖတ်ပါ

ကိုယ့်အတွက် အကျိုးရှိစေမယ့် စာအုပ်တွေပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့စာအုပ်တွေပဲဖြစ်ဖြစ် ကော်ဖီလေးတစ်ခွက်သောက်ရင်း ဖတ်ကြည့်ပါ။ ဒါလည်း စိတ်အေးချမ်းမှုရစေတဲ့ အနားယူမှုပါပဲ။

စိတ်ချမ်းသာစရာရုပ်ရှင်ကြည့်ပါ

စိတ်ပိုင်းဆိုင်ရာ အေးအေးဆေးဆေးအနားယူနိုင်ဖို့ ရုပ်ရှင်ကြည့်တဲ့အခါမှာ စိတ်ညစ်စရာကောင်းတာတွေ၊ ဝမ်းနည်းစရာကောင်းတာတွေ မကြည့်ပါနဲ့။ စိတ်ချမ်းသာစရာ၊ ကြည်နူးစရာ၊ ရယ်စရာလေးတွေပဲ ကြည့်ပေးပါ။

Social Media ကိုမေ့ထားပါ

စိတ်ပိုင်းဆိုင်ရာ အပြည့်အဝအနားယူဖို့အတွက် Social Media ကိုမေ့ထားလိုက်ပါ။ မသုံးပါနဲ့။ Social Media သုံးမယ့်အစား အပေါ်မှာပြောခဲ့တာလေးတွေ လုပ်ကြည့်ပါ။