ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေရမှာပါ။ ကိုယ့်ပျော်ရွှင်မှုက ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ပျော်ရွှင်ဖို့အတွက် သင်ကိုယ်တိုင်ရွေးချယ်နိုင်မယ့် ရိုးရှင်းသောအရာ ၈ ခုကို ပြောပြပေးလိုက်ပါတယ်။

သေးငယ်တဲ့အရာလေးတွေကို Appreciate လုပ်ပါ

ကြီးမားတာတွေလုပ်နိုင်မှ Appreciate လုပ်မယ့်အစား ကိုယ်လုပ်နိုင်တဲ့ အသေးအမွှားကအစ ကိုယ့်ကိုယ်ကို အမြဲ Appreciate လုပ်ပေးမယ်ဆိုရင် ခဏခဏပျော်ရွှင်စရာ ရှိနေမှာပါ။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။

အများကြီးမနှိုင်းယှဉ်ပါနဲ့

ပျော်ရွှင်နိုင်ဖို့အတွက် အရေးကြီးတဲ့အချက်တစ်ချက်က အများကြီးမနှိုင်းယှဉ်ဖို့ပါပဲ။ ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်နေရင် စိတ်ဓာတ်ကျပြီး အားငယ်တာတွေ ဖြစ်လာမယ်၊ ကိုယ့်ကိုယ်ကို အလိုမကျတာတွေ များလာပါမယ်။ အဲ့အခါကျရင် စိတ်ပင်ပန်းရပါလိမ့်မယ်။ ဒါကြောင့် အများကြီးမနှိုင်းယှဉ်ပါနဲ့။

များများပြုံးပြီးရယ်မောပါ

များများပြုံးပြီးရယ်မောတော့ Positive Energy ပိုရစေတာပေါ့။ အမြဲတက်ကြွပျော်ရွှင်နေတဲ့ ခံစားမှုမျိုးလည်း ရစေပါတယ်။

ကျန်းမာတဲ့ဘဝနေထိုင်မှုကိုစတင်ပါ

မကျန်းမာရင် ပျော်စရာတွေရှိနေလည်း အပြည့်အဝ မပျော်ရွှင်နိုင်ပါဘူး။ ဒါကြောင့် ကျန်းမာတဲ့ ဘဝနေထိုင်မှုကို စတင်ကြည့်ပါ။ အားကစားလုပ်မယ်၊ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်တာစားသောက်မယ်၊ စိတ်ချမ်းသာအောင် ကြိုးစားနေထိုင်မယ်ဆိုရင် ပျော်ရွှင်မှုရမှာပါ။

Toxic ဖြစ်စေတဲ့သူတွေနဲ့ဝေးဝေးနေပါ

Toxic ဖြစ်စေတဲ့သူတွေနဲ့နေရင် စိတ်ညစ်ရတယ်၊ စိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် ဒီလို Toxic ဖြစ်စေတဲ့သူတွေနဲ့ ဝေးဝေးသာနေပါ။ မပက်သက်ပါနဲ့။

လက်လွှတ်ဖို့သင်ယူပါ

ဘယ်အရာကိုမှ အစွဲအလမ်းမထားပါနဲ့။ လက်လွှတ်တတ်ဖို့ သင်ယူပါ။ တချို့အရာတွေက ဆုပ်ကိုင်ထားရင် နာကျင်ရပြီး လက်လွှတ်လိုက်မှ ပျော်ရွှင်မှုကို ရရှိစေတာပါ။

တခြားသူတွေကိုကူညီပါ

ကိုယ်ကူညီပေးလိုက်လို့ တစ်ဖက်လူက အဆင်ပြေသွားတယ်ဆိုရင် ကုသိုလ်လည်းရသလို ကိုယ်လည်း စိတ်ချမ်းသာရပါတယ်။ ဒီတော့ ကူညီနိုင်တာကိုကူညီပေးလိုက်ပါ။ ကိုယ့်ထက်နိမ့်ပါးသူတွေကို အမြဲကူညီဖေးမပါ။

တစ်ခါတစ်လေကိုယ့်စိတ်ထဲရှိတဲ့အတိုင်းနေပါ

အမြဲတမ်းဘောင်တစ်ခုထဲမှာနေတာ၊ အလုပ်တွေပဲဖိလုပ်နေတာ၊ စာတွေပဲကျက်နေတာမျိုးတွေက ကြာလာရင် စိတ်ဖိစီးပြီး ပင်ပန်းပါတယ်။ Stress တွေများပါတယ်။ ဒီတော့ တစ်ခါတစ်လေ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းနေပစ်လိုက်ပါ။ စိတ်ထွက်ပေါက်ပေးလိုက်ပါ။ တစ်ခါတစ်လေလည်း ပျော်အောင် ကိုယ့်ကိုယ်ကို Entertainment လုပ်ပေးဖို့လိုတာပေါ့။