ဝမှဗိုက်ပူတာ၊ ဗိုက်ခေါက်ထွက်တာမဟုတ်ပါဘူး။ မဝတဲ့သူတွေမှာလည်း ဗိုက်ပူတာ၊ ဗိုက်ခေါက်ထွက်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်လအတွင်းမှာ သိသိသာသာ ဗိုက်ချပ်စေဖို့ အိမ်မှာနေရင်းနဲ့ နေ့တိုင်းလုပ်ပေးရမယ့် လေ့ကျင့်ခန်း ၈ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ကြမ်းပြင်မှာ ပထမပုံထဲကလိုစနေပြီး ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ ဒီလေ့ကျင့်ခန်းကို ၁၀ ကြိမ်လုပ်ပေးပါ။

ပထမပုံထဲကလိုအနေအထားအတိုင်း စနေပြီး ဒုတိယပုံထဲကလို ခြေထောက်ကိုထောင်ပြီး ကျောရိုးနဲ့ခေါင်း၊ လက်အနေအထားလည်း ပြောင်းပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၀ ကြိမ်လုပ်ရပါမယ်။

ပထမပုံထဲကလိုစနေပြီ ဒုတိယပုံထဲကလို ခြေထောက်တစ်ဖက်ကို ထောက်ပါ။ ဒီလေ့ကျင့်ခန်းမှာတော့ ခြေထောက်နှစ်ဖက်ကို တစ်လှည့်စီထောက်ပေးရပါမယ်။ တစ်ဖက်ကို ၁၀ ကြိမ်စီနဲ့ အကြိမ် ၂၀ လုပ်ရမှာပါ။

ပထမပုံထဲကလိုစနေပြီး ဒုတိယပုံထဲကလို ခန္ဓာကိုယ်နဲ့၊ လက်နေအထားကို ၉၀ ဒီဂရီထားရပါမယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ၁၀ ကြိမ်လုပ်ပေးရပါမယ်။

ပထမပုံထဲကလိုစနေပြီး ဒုတိယပုံထဲကလို ခြေထောက်ကို နည်းနည်းထောင်ပြီး ဆန့်ထုတ်လိုက်ရပါမယ်။ ဒီလေ့ကျင့်ခန်းကတော့ အကြိမ် ၂၀ လုပ်ရမှာပါ။

လှဲနေရာကနေ ပုံမှာပြထားတဲ့အနေအထားအတိုင်း ပြောင်းနေရပါမယ်။ ဒီလေ့ကျင့်ခန်းကတော့ နည်းနည်းခက်သလိုရှိပေမယ့် ၁၀ ကြိမ်လုပ်နိုင်ရင် ရပါပြီ။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို နံရံမှာကပ်ထောင်ထားပြီး ခြေထောက်ကို စုံပူးပြီး ဟိုဘက်ယိမ်းလိုက်၊ ဒီဘက်ယိမ်းလိုက် လုပ်ရပါမယ်။

နောက်ဆုံးလေ့ကျင့်ခန်းမှာတော့ ပုံမှာပြထားတဲ့အတိုင်းနေပြီး ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ ကွေးရမှာမျိုးပါ။ ဒီလေ့ကျင့်ခန်းမှာတော့ တစ်ဖက်ကို ၁၀ ကြိမ်စီလုပ်ပေးရပါမယ်။

Source: www.brightside.me