သီချင်းဆိုတာ ဝါသနာပါတဲ့သူတွေ အများကြီးရှိမှာပါ။ သီချင်းဆိုတာက အရမ်းကောင်းပါတယ်။ တော်တော်များများက Relax ဖြစ်အောင် သီချင်းဆိုကြတယ်၊ ပျော်တဲ့အခါမှာ သီချင်းဆိုကြပါတယ်။ တချို့ကျတော့လည်း ဝမ်းနည်းစရာ၊ စိတ်ညစ်စရာရှိရင် သီချင်းဆိုပြီး စိတ်ဖြေတာမျိုး ရှိပါတယ်။ သီချင်းဆိုပေးခြင်းက ဒီလိုကောင်းကျိုး ၈ ခု ရစေပါတယ်။

စိတ်ခံစားချက်ပိုကောင်းလာခြင်း

သီချင်းဆိုတဲ့အခါမှာ စိတ်ခံစားချက်တွေက ပိုကောင်းလာပါတယ်။ ပျော်စရာရှိရင် ပိုပျော်လာတယ်၊ ကိုယ်ဆိုတဲ့သီချင်းပေါ်မူတည်ပြီး ခံစားချက်တွေ ပိုကောင်းလာတယ်၊ အားဖြစ်လာစေပါတယ်။

အဆုတ်အားပိုကောင်းစေခြင်း

သီချင်းဆိုတဲ့အခါမှာ အော်ပြီးဆိုပေးခြင်းက အဆုတ်အားပိုကောင်းလာစေပါတယ်။ ဒါဆိုရင် အဆုတ်အားကောင်းအောင် နေ့တိုင်း သီချင်းအော်ဆိုလိုက်တော့နော်။

Stress တွေလျော့ကျစေခြင်း

စိတ်ညစ်ရင်ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုတွေ များနေရင်ပဲဖြစ်ဖြစ် သီချင်းဆိုလိုက်ပါ။ ကာရာအိုကေဆိုင်သွားဆိုရင် ပိုကောင်းပါတယ်။ Stress တွေလျော့ကျပြီး ပင်ပန်းမှုတွေလည်း ပြေပျောက်ကာ Relax ဖြစ်သွားပါလိမ့်မယ်။

Community ပိုကောင်းလာခြင်း

သူငယ်ချင်းတွေနဲ့ သီချင်းသွားဆိုတာက ပျော်စရာကောင်းသလိုပဲ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကာရာအိုကေဆိုင်သွားပြီး သီချင်းဆိုတာမျိုးကလည်း အရမ်းကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုပိုရလာစေတယ်။ Community ပိုကောင်းလာစေပါတယ်။

မှတ်ဉာဏ်ပိုကောင်းစေခြင်း

သီချင်းဆိုပေးခြင်းက မှတ်ဉာဏ်လည်း ပိုကောင်းလာစေပါတယ်။ ဒါကြောင့် အသက်ကြီးကြီးငယ်ငယ် သီချင်းဆိုတာ အရမ်းကောင်းပါတယ်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုတိုးလာစေခြင်း

သီချင်းဆိုနေရင်းနဲ့ စိတ်ပျော်ရွှင်လာပြီး စိတ်ရောလူပါ Active ဖြစ်လာတယ်၊ တစ်ဖြေးဖြေးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ပိုတိုးလာစေပါတယ်။ သီချင်းမြူးတာလေးတွေ များများနားထောင်ပြီး ဆိုကြည့်ပါ။