မိန်းကလေးတိုင်းအတွက် ပြင်ဆင်ရတာ အချိန်ကုန်သက်သာပြီး နေ့တိုင်းအတွက်လည်း အသုံးဝင်စေမယ့် အလှအပဆိုင်ရာ နည်းလမ်းကောင်း ၈ ခုကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်လိပ်ဖို့၊ ဆံပင်ကောက်ဖို့အတွက် salon ကို တကူးတကမသွားဖြစ်လည်း အိမ်မှာ အလွယ်နည်းနဲ့ လုပ်လို့ရပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ဖန်ခွက်ကို ခေါင်းပေါ်တင်ပြီး ဆံပင်တွေကို နည်းနည်းယူကာ ဖန်ခွက်မှာပတ်ပါ။ ပြီးရင် hair spray ဖြန်းလိုက်ရုံပါပဲ။ အဲ့အတိုင်းလုပ်ပေးရင် လှပတဲ့ကောက်သားကို ရရှိမှာပါ။

တော်တော်များများက ရေမချိုးခင်မှာ shaving အရင်လုပ်ကြပါတယ်။ ဒါပေမယ့် ရေချိုးပြီးမှ shaving လုပ်ရင် အသားအရေပိုပြီး နူးညံ့ချောမွေ့စေပါတယ်။

Pencil liner သုံးမယ်ဆိုရင် မသုံးခင်မှာ မီးနဲ့အပူပေးပြီးသုံးတာက ပိုအဆင်ပြေပါတယ်။ Eyeliner ဆွဲရတာလည်း ပိုဆွဲလို့ကောင်းပြီး အရောင်လည်းပိုစိုစေပါတယ်။ ဒီတိုင်းဆွဲရင် ခြောက်ပြီးနာတာမျိုး၊ မထင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

နှာတံသေချာမဖော်တတ်ရင် ဆံထုံးထုံးတဲ့အခါမှာထိုးတဲ့ ကလစ်အမဲလေးကို နှာခေါင်းပေါ်တင်ပြီး သူ့အရာအတိုင်း နှာတံဖော်ပေးပါ။ ဒါဆိုရင် ညီညီညာညာလေးနဲ့ ပိုလှစေသလို အချိန်ကုန်လည်း သက်သာစေပါတယ်။

မေးရိုးချတဲ့အခါမှာ သေချာညီအောင်မလုပ်တတ်ရင်၊ နေရာမချိန်တတ်ရင် ပုံမှာပြထားတဲ့အတိုင်း ဇွန်းကိုသုံးပြီး ဇွန်းအောက်နားလေးအတိုင်း ခြယ်ပေးပါ။ ဒီနည်းလမ်းကလည်း အချိန်ကုန်သက်သာပြီး လွယ်ကူတဲ့နည်းလမ်းပါပဲ။

Cat eyeliner ပုံစံလေးအတိုင်းဆွဲဖို့ သေချာညီအောင်မဆွဲတတ်ရင် ပုံမှာပြထားတဲ့အတိုင်း တိတ်ကပ်ပြီးအရာအရင်ပေးပါ။ ပြီးမှ အဲ့အရာအတိုင်းဆွဲပေးပါ။ ဒီနည်းလမ်းက eyeliner ဆွဲရတာပိုမြန်သလို သေသေသပ်သပ်နဲ့ ပိုလှစေပါတယ်။

လက်သည်းတွေဝါညစ်နေရင် လက်သည်းကို brush နဲ့တိုက်ပေးပါ။ ပြီးရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးပြီး နာရီပိုင်းလောက်ကြာမှ ရေပြန်ဆေးပါ။ ဒီလိုလုပ်ပေးခြင်းက လက်သည်းဝါညစ်နေတာတွေပျောက်ပြီး ဖြေးဖြေးချင်းစီ ဖြူလာစေပါတယ်။

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ အချိန်ကုန်သက်သာပြီး အမြန်ပြီးအောင် mascara နဲ့ပဲ မျက်ခုံးမွှေးကို ဖြီးပေးလိုက်ပါ။ မျက်ခုံးမွှေးက ပုံမှန်ထက်ပိုနက်ပြီး ထင်းသွားပါလိမ့်မယ်။ မျက်ခုံးမွှေးရှိတဲ့သူတွေအတွက်တော့ ဒီနည်းလမ်းက အရမ်းအဆင်ပြေပါတယ်။

source:www.brightside.me