အိုမင်းရင့်ရော်ခြင်းတွေနဲ့ အရေးအကြောင်းတွေ မြန်မြန်ဖြစ်အောင် သင်ကိုယ်တိုင်လုပ်နေမိတဲ့အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာက အသားအရေပျက်စီးစေပြီး အရေးအကြောင်းတွေ၊ အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်ဖြစ်စေပါတယ်။ နှုတ်ခမ်းသားလည်း မဲစေပါတယ်။

သကြားကိုလွန်ကဲစွာစားသုံးခြင်း

သကြားကို လိုအပ်တာထက်ပိုပြီး လွန်ကဲစွာစားသုံးမိရင်လည်း ကြာလာတဲ့အခါမှာ အသားအရေက ညစ်ညစ်ကြီးဖြစ်လာတာမျိုး၊ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ပေါ်လာပြီး အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်လာတာမျိုးနဲ့ ကြုံရတတ်ပါတယ်။

ရေဓာတ်မလုံလောက်ခြင်း

အသားအရေလှဖို့၊ အသားအရေကောင်းဖို့ဆိုရင် ရေဓာတ်လုံလောက်စွာ သောက်သုံးဖို့၊ အသားအရေကို ရေဓာတ်ဖြည့်ပေးဖို့ လိုပါတယ်။ ရေဓာတ်မလုံလောက်ရင် အသားအရေက ညစ်နွမ်းပြီး အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာမယ်၊ အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်ဖြစ်လာပါမယ်။

အိပ်ချိန်မလုံလောက်ခြင်း

အိပ်ချိန်တွေမမှန်တာ၊ အိပ်ချိန်တွေမလုံလောက်တာကလည်း အသားအရေကို အများကြီးထိခိုက်ပျက်စီးစေပါတယ်။ အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာစေပါတယ်။ အထူးသဖြင့် မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာပါလိမ့်မယ်။

လေ့ကျင့်ခန်းမလုပ်ခြင်း

Body နဲ့ အသားအရေ ကျန်းမာလှပစေဖို့ လေ့ကျင့်ခန်းလုပ်ပေးရပါတယ်။ လေ့ကျင့်ခန်းမလုပ်ရင် anti-aging တွေ မြန်မြန်ဖြစ်လွယ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာမှာ လေ့ကျင့်ခန်းလုပ်တဲ့အချိန်ကို ထည့်ပေးသင့်ပါတယ်။

Collagen တိုးမြှင့်ပေးတဲ့အစားအသောက်တွေမစားခြင်း

Collagen တိုးမြှင့်ပေးတဲ့ အစားအသောက်တွေကိုစားပေးမှ အသားအရေက အမြဲတမ်းနုပျိုလှပနေမှာပါ။ အသားအရေလှဖို့၊ အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်မဖြစ်ဖို့ဆိုရင် အစားအသောက်ကိုလည်း သေချာစားသောက်ပေးဖို့ လိုပါတယ်။

Anti-aging product တွေမသုံးခြင်း

အသက် ၂၅ နှစ်ကျော်လာရင် anti-aging product တွေကို စသုံးလို့ရပါပြီ။ အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်မဖြစ်ချင်ရင်တော့ ကိုယ်သုံးမယ့် skincare product တွေထဲမှာ anti-aging product တွေကို ထည့်သုံးပေးပါ။