စိတ်ဓာတ်ကျတာမျိုးက လူတိုင်းဖြစ်လေ့ရှိတဲ့အရာပါပဲ။ စိတ်ဓာတ်ကျတာကို အဲ့အတိုင်းပဲထားရင်တော့ အခြေအနေပိုဆိုးလာဖို့ပဲ ရှိပါတယ်။ စိတ်ဓာတ်ကျနေရင် ကိုယ့်ကိုယ်ကိုပြန်ပြီး Motivate ဖြစ်အောင်လုပ်ရမယ်၊ စိတ်ခွန်အားပြန်ပေးရပါမယ်။ ဒါကြောင့် ကိုယ့်စိတ်ကိုခွန်အားဖြစ်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

စိတ်ညစ်စရာတွေကိုဖယ်ထုတ်ပါ

စိတ်ညစ်စရာတွေကို မဖယ်ထုတ်နိုင်ရင် ကိုယ်ပဲစိတ်ပင်ပန်းရမယ်၊ တစ်နေ့တစ်နေ့ ဒါတွေကိုပဲတွေးပြီး စိတ်ညစ်နေရမယ်၊ စိတ်ဓာတ်တွေလည်းကျလာပါမယ်။ ဒါကြောင့် စိတ်ညစ်စရာတွေရှိရင် မြန်မြန်ပျောက်အောင်လုပ်ပါ။ ခေါင်းထဲကြာကြာ ထည့်မထားပါနဲ့။

ကိုယ် Target အတိုင်းရအောင်လုပ်မယ်ဆိုတဲ့စိတ်ထားပါ

တစ်ခုခုဆို လွယ်လွယ်နဲ့ အလျှော့မပေးပါနဲ့။ ဘာကြီးပဲဖြစ်နေပါစေ ငါဖြစ်ချင်တာကို ဖြစ်အောင်လုပ်မယ် ငါ့ Target အတိုင်း ရအောင်လုပ်မယ်ဆိုတဲ့ စိတ်ကိုသာ ထည့်ထားပါ။ ဒီလိုစိတ်လေးရှိရုံနဲ့တင် စိတ်ခွန်အားရစေပါတယ်။

ကောင်းတာတွေပဲတွေးပါ

ဘာလုပ်လုပ်၊ ဘာပဲတွေးတွေး အကောင်းဘက်ကပဲတွေးပါ၊ ကောင်းတာပဲတွေးပါ။ ဒါဆိုရင် စိတ်သက်သာရာရစေပါတယ်။ မကောင်းတဲ့ဘက်ကနေတွေးရင် ပိုပူလောင်ရတယ်၊ ပိုပြီး စိတ်ဓာတ်ကျလွယ်ပါတယ်။

ကိုယ်ပျော်တာကိုလုပ်ပါ

လူတိုင်းက ကိုယ်ပျော်တာကို လုပ်နေရရင် စိတ်ချမ်းသာနေတာပါပဲ။ ဒါကြောင့် ကိုယ်ပျော်မယ်ထင်ရင် အကုန်လုပ်ပါ။ ဘာမှစဉ်းစားပြီး တွေးပူမနေပါနဲ့။ ဒါလည်း ကိုယ့်ကိုယ်ကို ခွန်းအားပေးနည်း တစ်မျိုးပါပဲ။

ကိုယ့်ကိုယ်ကိုချစ်ပါ

ကိုယ့်ကိုယ်ကိုချစ်ပြီး ကိုယ်လုပ်ချင်တာတွေကိုပဲ ဦးစားပေးလုပ်ဆောင်ပါ။ ကိုယ့်အတွက်ကိုယ်တွေးပေးပါ။ တခြားသူဆီက ဘာမှမမျှော်လင့်ပါနဲ့။ ကိုယ့်ကိုယ်ကိုပဲ အားပေးပါ။ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင် တည်ဆောက်ပါ။

သီချင်းနားထောင်ပါ

သီချင်းနားထောင်တာက စိတ်ကိုအရမ်း Relax ဖြစ်ပြီး ပေါ့ပါးစေပါတယ်။ ဒါကြောင့် နေ့တိုင်း ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ပြီး အပန်းဖြေပါ။ အနားယူပါ။

တရားထိုင်ပါ

စိတ်ခွန်အားရဖို့အတွက် တရားထိုင်ပေးတာကလည်း အရမ်းကောင်းပါတယ်။ စိတ်တည်ငြိမ်ပြီး စိတ်ဖိစီးမှုတွေ၊ ဒေါသတွေ လျော့ကျစေတယ်၊ စိတ်အေးချမ်းစေပါတယ်။ တစ်နေ့ကို မိနစ်ပိုင်းလောက်ပဲ ထိုင်ပေးရင်တောင် ရပါတယ်။