လိမ္မော်သီးစားရင် လူတိုင်းက အခွံကို လွှင့်ပစ်လိုက်တာပါပဲ။ တကယ်တော့ လိမ္မော်သီးအခွံရဲ့ အသုံးဝင်ပုံတွေက အများကြီးရှိပါတယ်။ ဒါကြောင့် လူတိုင်းအတွက် အသုံးဝင်ပုံ ၇ မျိုးကို ပြောပြပေးလိုက်ပါတယ်။

ခရုတက်နေရင်

ကိုယ့်ခြံထဲကအပင်တွေမှာ ခရုတက်နေရင် လိမ္မော်သီးအခွံကို အနီးနားတစ်ဝိုက် ထားလိုက်ပါ။ ခရုတွေက လိမ္မော်ခွံဆို ပြေးပါတယ်။

မျက်နှာကြက်ညစ်ပတ်နေရင်

မျက်နှာကျက်တွေ ညစ်ပတ်နေရင် ပုလင်းအကြီးထဲကို လိမ္မော်ခွံအပြည့်ထည့်ပြီး ရှာလကာရည် နည်းနည်းထည့်ကာ အုပ်ထားလိုက်ပါ။ ၂ ပတ်လောက်ထားပြီးရင် ညစ်ပတ်နေတဲ့ မျက်နှာကြက်ကို သုတ်ပေးပါ။

အလှစိုက်ထားတဲ့အပင်လေးတွေနားကြောင်မလာအောင်

ကြောင်တွေက indoor plants လေးတွေဆို အရမ်းစိတ်ဝင်စားပါတယ်။ ကုန်တာ၊ ကစားတာတွေကြောင့် အပင်သေတာ၊ ပန်းညှိုးတာ၊ ကြွေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကိုယ်စိုက်ထားတဲ့ အပင်နားမှာ လိမ္မော်ခွံကိုထားလိုက်ပါ။

သစ်သားစဉ့်နီတုံးကိုသန့်စင်ခြင်း

တင်လှီးတာတွေများရင် သစ်သားစဉ့်နီတုံးတွေက မဲညစ်လာပါတယ်။ လိမ္မော်ခွံနဲ့ ပွတ်ပေးမယ်ဆိုရင်တော့ သန့်ရှင်းသွားပါလိမ့်မယ်။

ဗေဇင်အနံ့ထွက်နေရင်

ဗေဇင်မှာ စားကြွင်းစားကျန်တွေ စွန့်တာများရင် ပိုက်ကနေ အနံ့လှိုက်တက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် လိမ္မော်ခွံကို ရေအေးနဲ့ စက္ကန့် ၃၀ လောက် စိမ်ပေးပါ။ ပြီးရင် ရေနွေးထဲ ၁၅ စက္ကန့် ထပ်စိမ်ပါ။ ပြီးရင်တော့ ဗေဇင်ထဲ လောင်းချလိုက်ပါ။

စတီးကိုသန့်ရှင်းခြင်း

စတီးကို အဝတ်နဲ့ပွတ်ပြီး သန့်ရှင်းတာထက်စာရင် လိမ္မော်ခွံနဲ့ပွတ်ပေးတာက ပိုပြီးတောက်ပြောင်သွားစေပါတယ်။

ကော်ဖီဂျိုးတွေသန့်စင်ခြင်း

ကော်ဖီအမြဲသောက်တဲ့ခွက်မှာ ကော်ဖီဂျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်နေရင် လိမ္မော်ခွံကို ဆားနဲ့ပွတ် ပြီးရင် ခွက်အတွင်းဘက်တွေကို ပွတ်တိုက်ပေးပါ။ ကော်ဖီဂျိုးတွေ ပြောင်သွားပါလိမ့်မယ်။