ဗိုက်ထဲအစာမရှိတဲ့အချိန်မှာ ကိုယ်လုပ်လိုက်မိတဲ့အရာတချို့ကြောင့် ထိခိုက်တာမျိုးတွေ၊ အဆင်မပြေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက် ထိခိုက်စေမယ့်အရာတွေကို လုပ်နေမိရင်လည်း အချိန်မှီလေးပြင်လို့ရအောင် ဗိုက်ထဲအစာမရှိတဲ့အချိန်မှာ မပြုလုပ်သင့်တဲ့အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

ဆေးမသောက်ပါနဲ့

ဗိုက်ထဲအစာမရှိတဲ့အချိန်မှာ ဆေးသောက်လိုက်တာက အစာအိမ်ကို ထိစေပါတယ်။ ချက်ချင်းကို ဗိုက်အောင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးထိခိုက်စေတဲ့အတွက် လုံးဝမလုပ်သင့်တဲ့အရာပါ။

အရက်မသောက်ပါနဲ့

ဗိုက်ထဲအစာမရှိပဲ အရက်သောက်မယ်ဆိုရင်လည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဗိုက်လည်း ပိုဆာစေပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်မသောက်ပါနဲ့

ကော်ဖီ၊ လက်ဖက်ရည် အရမ်းကြိုက်တဲ့ တချို့သူတွေက ဗိုက်ဆာရင် အလွယ်တကူ ကောက်ဖီ၊ လက်ဖက်ရည် သောက်လိုက်ကြတာမျိုး ရှိပါတယ်။ ဗိုက်ထဲအစာမရှိတဲ့အချိန်မှာ သောက်လိုက်မယ်ဆိုရင် ရင်တုန်ပြီး နေရလို့မကောင်းတာမျိုး ဖြစ်စေပါတယ်။ ဝမ်းလည်းချုပ်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ပါနဲ့

ဗိုက်ထဲအစာမရှိပဲ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အားပိုယုတ်စေပါတယ်။ သိပ်လည်းမလုပ်နိုင်ပဲ ပုံမှန်ထက်ပိုမောပြီး ရင်တုန်လာပါမယ်။ ဒ့ါအပြင် မူးတာမျိုးတွေလည်း ဖြစ်စေပါတယ်။

အစပ်မစားပါနဲ့

ဗိုက်ထဲမစာမရှိပဲ ဗိုက်ဆာနေချိန်မှာ အရမ်းစပ်တာတွေကို စားလိုက်မယ်ဆိုရင် အစာအိမ်နာတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာမှာပါ။

ရန်မဖြစ်ပါနဲ့

ဗိုက်ဆာရင် လူတိုင်းက စိတ်ဆတ်ပါတယ်။ ပုံမှန်ထက်ပိုပြီး စိတ်တိုဒေါသထွက်လွယ်ပါတယ်။ ဒါကြောင့် ဗိုက်ထဲအစာမရှိလို့ ဗိုက်ဆာနေတဲ့အချိန်မှာ ရန်ဖြစ်လိုက်မယ်၊ ချစ်သူနဲ့စကားများလိုက်မယ်ဆိုရင် ပုံမှန်ထက်ပိုပြီး ပေါက်ကွဲတာတွေ ဖြစ်ကုန်ပါလိမ့်မယ်။

မအိပ်ပါနဲ့

ဗိုက်ထဲအစာမရှိပဲ အိပ်လိုက်မယ်ဆိုရင် တော်ရုံနဲ့ အိပ်ပျော်မှာမဟုတ်ပါဘူး။ အိပ်ပျော်သွားရင်တောင် တစ်ရေးနိုးကျရင် ပိုဗိုက်ဆာပါမယ်။ ဗိုက်ဆာနေတာကို အစာမစားပဲနေရင် ကျန်းမာရေးထိခိုက်မယ်၊ အစာအိမ်ဖြစ်ပါမယ်။ ဒါကြောင့် ဗိုက်ထဲအစာမရှိပဲ အိပ်လိုက်တာမျိုး မလုပ်ပါနဲ့။