အခုခေတ်မှာ တော်တော်များများက Lip Injection ထိုးကြပါတယ်။ ထိုးပြီးရင် ဆင်ခြင်သင့်တဲ့အရာတွေကို ကိုယ်သွားထိုးတဲ့ Clinic တွေ၊ ဆိုင်တွေက ပြောပြလိုက်တာမျိုးရှိသလို တချို့ဆို ပေါ့ဆပြီး မပြောပြလိုက်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်အတွက် ထိခိုက်မှုမရှိအောင် အစစအရာရာ သတိထားဆင်ခြင်နိုင်ဖို့အတွက် Lip Injection ထိုးပြီးခါစမှာ မပြုလုပ်သင့်တဲ့အချက် ၇ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ပြင်းထန်တဲ့လေ့ကျင့်ခန်းမလုပ်ပါနဲ့

Lip Injection ထိုးပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုံးဝမလုပ်သင့်ပါဘူး။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းတွေ မြင့်စေတာကြောင့် ရောင်ရမ်းတာပိုဆိုးလာစေနိုင်ပါတယ်။

အပူချိန်မြင့်တဲ့အခန်းမှာမနေပါနဲ့

ရောင်ရမ်းတာတွေမဖြစ်အောင် Lip Injection ထိုးပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း အပူချိန်မြင့်တဲ့အခန်းတွေဖြစ်တဲ့ ရေနွေးငွေ့ခန်းတွေ၊ ချွေးပေါင်းခန်းတွေနဲ့ Hot Shower နဲ့ ရေချိုးတာတွေကို ရှောင်ရပါမယ်။ ရေခဲတုံးကို အဝတ်သန့်ထဲထည့်ပြီး နှုတ်ခမ်းကိုကပ်ပေးခြင်းက ရောင်ရမ်းတာ၊ ယားယံတာတွေကို သက်သာစေပါတယ်။

အရက်မသောက်ပါနဲ့

Lip Injection ထိုးပြီးခါစမှာ အရက်မသောက်ပဲနေပေးပါ။ သောက်ချင်ရင် ၃ ရက်လောက်နေမှ သောက်ပေးပါ။

ဆေးလိပ်မသောက်ပါနဲ့

Lip Injection ထိုးပြီးခါစမှာ ကိုယ်တိုင်လည်း ဆေးလိပ်သောက်တာကို ရှောင်သင့်သလို ဆေးလိပ်သောက်နေတဲ့သူအနားမှာလည်း မနေပါနဲ့။ Lip Injection ထိုးထားတာအတွက် ဆိုးကျိုးရှိသလို အသားအရေကိုလည်း ပျက်စီးစေပါတယ်။

ပိုက်နဲ့မသောက်ပါနဲ့

သောက်စရာတွေကို ပိုက်နဲ့စုပ်သောက်တာက နှုတ်ခမ်းကို ဖိအားဖြစ်စေတဲ့အတွက် ရောင်ရမ်းတာမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိထားဖို့လိုပါတယ်။

မိတ်ကပ်နဲ့နှုတ်ခမ်းနီရှောင်ပါ

Lip Injection ထိုးပြီး ၂၄ နာရီအတွင်း နှုတ်ခမ်းနီဆိုးတာ၊ မိတ်ကပ်ပြင်ဆင်ရင်းနဲ့ မိတ်ကပ်တွေ နှုတ်ခမ်းကိုပေကုန်တာမျိုးတွေ မဖြစ်ပါစေနဲ့။ နှုတ်ခမ်းသားရောင်ရမ်းတာ၊ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။

အပူအစပ်တွေမစားသောက်ပါနဲ့

Lip Injection ထိုးပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း ပူစပ်တဲ့အစားအသောက်တွေ စားသုံးတာ၊ ရေနွေးသောက်တာကို ရှောင်ရပါမယ်။ အက်စစ်ဓာတ်ပါတဲံ အစားအသောက်တွေကိုလည်း ရှောင်ပေးပါ။ ဒါတွေက နှုတ်ခမ်းအနာကျက်ဖို့ ကြာစေသလို နှုတ်ခမ်းသားပူတာစပ်တာတွေလည်း ဖြစ်စေပါတယ်။