ဆံပင်အုံထူချင်တဲ့သူတွေနဲ့ ဆံပင်ပါးလို့စိတ်ညစ်နေတဲ့သူတွေအတွက် ရှောင်ကြဉ်ရမယ့် အရာတချို့ကို ပြောပြပေးလိုက်ပါတယ်။ ဆံပင်အုံထူအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိရင်တောင် ရှောင်ရမယ့်အရာတွေကို လုပ်မိနေရင် ဆံပင်အုံထူလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာတွေကို ရှောင်ရမလဲဆိုတာ သိထားမှ သတိထားဆင်ခြင်လို့ရမှာပေါ့။

Chemical များတဲ့ Shampoo တွေ၊ Conditioner တွေနဲ့ Styling Products တွေကို ရှောင်ပါ။ Chemical နည်းတဲ့၊ မပါတဲ့ ပစ္စည်းတွေကိုသာ ရွေးသုံးပါ။ ဒါမှ ဆံပင်ကျွတ်တာမျိုး မဖြစ်မှာပါ။

နေ့တိုင်းခေါင်းမလျှော်ပါနဲ့။ ခဏခဏခေါင်းလျှော်ရင် ဆံပင်ကျွတ်ပြီး ဆံသားပိုပိုပါးလာပါလိမ့််မယ်။ အနည်းဆုံး ၄ ရက်တစ်ခါလျှော်ရင် လုံလောက်ပါတယ်။ အကောင်းဆုံးကတော့ တစ်ပတ် တစ်ခါပဲလျှော်တာ အကောင်းဆုံးပါ။

Essential Oil တွေကိုသုံးပေးမှ ဆံပင်ပိုသန်လာမယ်။ ဒီလို Oil တွေသုံးတာ ဆံပင်ကပ်ကပ်ကြီးဖြစ်လို့ မသုံးဘူးဆိုရင် ဆံပင်တွေဖွာပြီး ကျွတ်တာမျိုး၊ ရှုပ်ထွေးပြီး ဆံပင်တွေ ပိုကျွတ်တာမျိုး ဖြစ်လာပါလိမ့်မယ်။

ဆံပင်တွေကို ကြမ်းကြမ်းတမ်းတမ်း မလုပ်ပါနဲ့။ ခေါင်းဖြီးရင်လည်း ဖြည်းဖြည်းချင်းစီဖြည်းပါ။ အရမ်းစိတ်တဲ့ဖြီးတွေ မသုံးပါနဲ့။ ဒါမှ ဆံပင်ကျွတ်သက်သာမှာပါ။

အပူချောင်းတွေကိုရှောင်ပါ။ ဆံပင်ကောက်တဲ့၊ ဖြောင့်တဲ့ အပူချောင်းတွေက ဆံသားအရမ်းပျက်စီးပါတယ်။ ဆံသားခြောက်ပြီး ဆံပင်ပိုကျွတ်ပါတယ်။

ဆံပင်အရောင်တွေ ခဏခဏမဆိုးပါနဲ့။ ဆံသားမကောင်းရင် ဆံပင်အုံလည်း ထူလာမှာမဟုတ်ပါဘူး။ ဆံသားမကောင်းရင် ဆံပင်တွေ ဖွာပြီးကျွတ်လာမယ်။ အဖြားတွေရှူးလာမယ်။ ဒါဆိုရင် ဆံပင်က အုံမထူတဲ့အပြင် ပိုတောင်ပါးသွားပါလိမ့်မယ်။

ပျက်စီးနေတဲ့ဆံပင်တွေကို ဒီတိုင်းမထားပါနဲ့။ ဆံပင်ဖွာပြီ၊ နှစ်ခွတွေဖြစ်နေပြီဆိုရင် အောက်ဖျားတွေကို ညှပ်ထုတ်ပစ်ပါ။ နှမြောလို့ မညှပ်ပဲ ဒီတိုင်းထားရင် ဆံပင်အဖျားပိုရှူးပြီး ဆံပင်ကျွတ်လာမယ်။ ဆံသားပိုပါးလာပါလိမ့်မယ်။

Photo Source: www.wikihow.com