လူတိုင်းက ဖုန်းသုံးမှ အပျင်းပြေတာပါ။ ဒါကြောင့်လည်း ဖုန်းမသုံးရရင် ဘာလုပ်လို့လုပ်ရမှန်းမသိအောင် ပျင်းနေတတ်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချိန်လုံး ဖုန်းပဲသုံးနေမယ်ဆိုရင်တော့ unhealthy lifestyle ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဖုန်းသုံးတဲ့အချိန်ကိုလျှော့ချပစ်နိုင်ဖို့ ကိုယ့်ရဲ့တစ်နေ့တာမှာ အစားထိုးလုပ်ပေးနိုင်မယ့် အကျိုးရှိမယ့်အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

စာအုပ်ဖတ်ခြင်း

ကိုယ့်ရဲ့တစ်နေ့တာမှာ စာအုပ်တစ်အုပ်ပြီးအောင် ဖတ်ကြည့်ပါ။ စာအုပ်တစ်အုပ်ပြီးအောင်ဖတ်ဖို့ အချိန် ၂ နာရီကြာတယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းသုံးမယ့်အချိန်က ၂ နာရီလျော့သွားပါလိမ့်မယ်။ ဒီတော့ ဖုန်းသုံးချိန်ကိုလည်း လျှော့ချပစ်နိုင်ပြီး စာဖတ်ခြင်းကြောင့် ကိုယ့်အတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရစေပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း

ကိုယ့်ရဲ့တစ်နေ့တာမှာ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ အချိန်တစ်ခုသတ်မှတ်လိုက်ပါ။ တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒါဆိုရင်တော့ ဖုန်းသုံးချိန် တစ်နာရီထပ်လျော့ပါမယ်။ လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသလို body လည်းလှစေပါတယ်။

မိသားစုနဲ့အချိန်ကုန်ဆုံးခြင်း

ဖုန်းပဲသုံးမနေပဲ ကိုယ့်မိသားစုကိုလည်း အချိန်ပေးကြည့်ပါ။ မိသားစုနဲ့တူတူစကားပြောတာ၊ မုန့်လုပ်စားတာ စသဖြင့် အချိန်ကုန်ဆုံးကြည့်ပါ။ ပျော်ရွှင်ကြည်နူးမှုရစေသလို ဖုန်းသုံးမယ့်အချိန်လည်း လျော့သွားမှာပါ။

သူငယ်ချင်း၊ ချစ်သူနဲ့အချိန်ကုန်ဆုံးခြင်း

ကိုယ့်ရဲ့ချစ်သူ၊ သူငယ်ချင်းတွေနဲ့ တူတူစုပြီးစကားပြောကြတာမျိုး၊ ရုပ်ရှင်ကြည့်ကြတာမျိုး၊ မုန့်လုပ်စားကြတာ၊ လျှောက်သွားကြတာမျိုးတွေ လုပ်ကြည့်ပါ။ သူတို့နဲ့ရှိနေချိန် ဖုန်းမသုံးပဲနေရင်တော့ စိတ်ပေါ့ပါးပြီး ပျော်ရွှင်ရမှာပါ။

အပြင်ထွက်မုန့်စားခြင်း

အိမ်ထဲမှာပဲနေရင် ဖုန်းပိုသုံးမိပါမယ်။ ဒါကြောင့် အပြင်ထွက်ပြီးမုန့်စားပါ။ မုန့်စားရင်းနဲ့လည်း ဖုန်းသုံးနေမယ်ဆိုရင်တော့ ဘာမှထူးမှာမဟုတ်ပါဘူး။

ဝါသနာပါတဲ့အရာကိုရှာဖွေလုပ်ဆောင်ခြင်း

ကိုယ်ဝါသနာပါတာရှိရင် ကိုယ့်ရဲ့တစ်နေ့တာမှာထည့်သွင်းပြီး လုပ်ကြည့်ပါ။ ဝါသနာပါတာမရှိသေးရင်လည်း ရှာဖွေပြီးလုပ်ကြည့်ပါ။ ကိုယ်ဝါသနာပါတာကိုလုပ်နေရရင် စိတ်ချမ်းသာပါတယ်။ ဒီတော့ ကိုယ်လဲစိတ်ချမ်းသာရသလို ဖုန်းသုံးတဲ့အချိန်ကိုလည်း လျှော့ချပစ်နိုင်ပါမယ်။

သင်ယူချင်တာတွေကိုစတင်သင်ယူခြင်း

ကိုယ်သင်ယူချင်တာတွေရှိရင်လည်း အခုကစပြီးသင်ယူကြည့်ပါ။ အဲ့တာတွေသင်ယူနေရင်းနဲ့ ကုန်သွားတဲ့အချိန်တွေမှာ ကိုယ်လည်း ဖုန်းသုံးဖြစ်မှာမဟုတ်လို့ ဖုန်းသုံးချိန်လျော့သွားမှာပါ။