ခေါင်းလျှော်ပြီးရင် ဆံပင်ရေစိုနဲ့ မနေသင့်ပါဘူး။ ဆံပင်ကို ခြောက်အောင် သေချာလုပ်သင့်ပါတယ်။ ဆံပင်ရေစိုနဲ့ ဒီတိုင်းနေရင်တောင်မကောင်းတာ အိပ်မယ်ဆိုရင်တော့ ပိုဆိုးသွားပါလိမ့်မယ်။ ဒါကြောင့် ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့ မအိပ်သင့်တဲ့အကြောင်း ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့အိပ်ရင် ဦးရေပြားကျိန်းစပ်တာမျိုး ဖြစ်တတ်ပါတယ်။ ခဏခဏ ဒီလိုအိပ်မယ်ဆိုရင် ဦးခေါင်းကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်လာနိုင်ပါတယ်။

ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့အိပ်ရင် ဆံပင်တွေ ပိုရှုပ်ထွေးပြီး ရှင်းရခက်တာမျိုး ဖြစ်ပါတယ်။ ဆံသားလည်းလည်းနာပြီး ပိုလည်း ကျွတ်ပါတယ်။

ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့အိပ်ရင် ခေါင်းကိုက်တာ၊ ခေါင်းမူးတာမျိုးတွေလည်း ဖြစ်လာပါလိမ့်မယ်။

ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့အိပ်ရင် ဆံသားဖွာပြီး ပျက်စီးပါတယ်။ ခေါင်းလျှော်ပြီးရင် ဆံပင်ကို သေချာခြောက်အောင်သုတ်ပြီး Hair Coat တို့၊ အဆီတို့ လိမ်းပေးမှသာ ဆံသားပျက်စီးမှုနည်းမှာပါ။

ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့အိပ်တာများလာရင် ဆံပင်ကျွတ်ပြီး ဦးရေပြားပါးတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ဆံပင်နှစ်ခွဖြစ်ပြီး ဆံသားပျက်စီးရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့အိပ်တာကြောင့်လည်း ပါပါတယ်။

အရေပြား Sensitive ဖြစ်တဲ့့သူတွေဆိုရင် အရေပြားနီရဲတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

Source:www.brightside.me