ရုတ်တရက်ကြုံတွေ့လိုက်ရတဲ့ ဆိုးရွားတဲ့အခြေအနေတွေကို အလွယ်တကူဖြေရှင်းနိုင်ဖို့ ဒီ Life Hacks 7 ခုက သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။

ခြေချောင်းလေးတွေခုံနဲ့တိုက်မိတဲ့အခါ

ခြေချောင်းလေးတွေ ခုံနဲ့တိုက်မိရင် အရမ်းနာပြီး တော်တော်ခံရခက်ပါတယ်။ ထိခိုက်မိတဲ့နေရာကလည်း ချက်ချင်းကို နီပြီးရောင်သွားတတ်ပါတယ်။ ဒီလိုဖြစ်လာရင် သွားတိုက်ဆေးနဲ့ ပွတ်ပေးလိုက်ပါ။ ရောင်တာသက်သာသွားပါလိမ့်မယ်။

အကောင်တစ်ကောင်အတုပ်ခံနေရပြီဆိုရင်

ပိုးကောင်လို အကောင်တစ်ကောင် အတုပ်ခံနေရပြီဆိုရင် ဆေးထိုးပြွန်ပြေးယူပြီး ပုံမှာပြထားတဲ့အတိုင်း အကောင်ကိုအုပ်ကာ စုပ်ယူလိုက်ပါ။ ဒါဆိုရင် အလွယ်တကူဖယ်ရှားပစ်နိုင်ပါပြီ။

ရုတ်တရက်ခေါင်းအရမ်းကိုက်လာရင်

ရုတ်တရက် ခေါင်းအရမ်းကိုက်ပြီး အန်ချင်သလိုတောင် ဖြစ်လာတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုဖြစ်လာရင် အအေးခံထားတဲ့ သစ်သီးထည့်ထားတဲ့မုန့်ထုပ်၊ အသီးအရွက်ထည့်ထားတဲ့အထုပ်၊ ရေခဲအထုပ် စတဲ့ အဆင်ပြေရာတစ်ခုခုကို ဂုတ်ပေါ်တင်ထားပြီး ခေါင်းငုံ့နေလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

ပလာစတာကပ်ထားတာခွာဖို့ကြောက်နေရင်

လက်မှာအမွှေးတွေရှိရင် ပလာစတာကပ်ထားတာကိုခွာဖို့ အမွှေးတွေပါလာရင် နာမှာစိုးတဲ့အတွက် ကြောက်တတ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။ Baby oil ကို ပလာစတာပေါ်လောင်းချပြီး ခွာမယ်ဆိုရင် အလွယ်တကူခွာလို့ရသလို နာကျင်မှုလည်း မရှိစေပါဘူး။

ရုတ်တရက်အမြင်တွေဝေဝါးလာရင်

ရုတ်တရက် မျက်ရိုးတွေအရမ်းကိုက်ပြီး အမြင်တွေဝေဝါးလာရင် မျက်လုံးကို ပုံမှာပြထားတဲ့အတိုင်း မျက်ဆံကို ဘယ်ဘက်ရွေ့လိုက်၊ ညာဘက်ရွေ့လိုက် လုပ်ပေးပါ။

လျှာအပူလောင်သွားရင်

အပူတွေကို သောက်မိလို့ လျှာကျက်ပြီး အပူလောင်သွားရင် သကြားခဲ (သို့) ပျားရည်ကို များများယူပြီး လျှာပေါ်တင်ထားလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

ငိုချင်တာကိုမျက်ရည်မျက်အောင်

အကြောင်းတစ်ခုခုကြောင့် ငိုချင်လာပေမယ့် ငိုလို့မဖြစ်ဘူးဆိုရင် မျက်ရည်မကျအောင်တော့ ထိန်းလို့ရပါတယ်။ မျက်လုံးကို တတ်နိုင်သလောက် လုံးဝမပိတ်အောင် ပြူးထားလိုက်ပါ။ မျက်ရည်မကျအောင် ဒီနည်းလမ်းနဲ့ ကာကွယ်နိုင်ပါတယ်။

source:www.brightside.me