အကြာကြီး အလုပ်ထိုင်လုပ်ရတဲ့သူတွေက ခံနိုင်ရည်ရှိပြီး ကိုယ့်အတွက် စိတ်ရောကိုယ်ပါ ပိုပြီး သက်တောင့်သက်သာ ဖြစ်စေဖို့ ဒီအရာ ၇ ခုကို စတင်လုပ်ကြည့်သင့်ပါတယ်။

Keyboard ကိုင်တဲ့အခါ

Keyboard ကိုင်ရင် လက်ကောက်ဝတ်နေရာတွေ နာပြီး နီတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အချိန်အကြာကြီး လုပ်ရတဲ့သူတွေဆို ဒဏ်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် လက်ကောက်ဝတ်နေရာမှာ တစ်ခုခုခံပြီးလုပ်ပါ။

အလုပ်ခဏနားတဲ့အခါ

အလုပ်တွေဆက်တိုက်လုပ်ပြီး ခဏနားတဲ့အခါမှာ တော်တော်များများက ဖုန်းသုံးကြတာ များပါတယ်။ တကယ်တော့ မျက်စိကိုအနားပေးပြီး စိတ်ကို relax ဖြစ်အောင် လုပ်သင့်တာပါ။ ဒါကြောင့် ခဏနားတဲ့အချိန်မှာ ဖုန်းသုံးမယ့်အစား လေကောင်းလေသန့် ထွက်ရှူတာမျိုး၊ ခဏတရားထိုင်တာမျိုး လုပ်ကြည့်ပါ။

အလုပ်ပြီးရင်ဆက်မလုပ်ပါနဲ့တော့

တချို့ကျတော့ ကိုယ်လုပ်ရမယ့် အလုပ်တွေပြီးသွားလည်း တခြားဟာတွေ ဆက်လုပ်တာမျိုး၊ ဆက်စဉ်းစားပြီး နောက်နေ့အတွက်ပါ ကြိုလုပ်နေတာမျိုးတွေ လုပ်နေတတ်ပါတယ်။ ဒီလိုလုပ်တာက ကိုယ်ပဲပင်ပန်းပါတယ်။ အကောင်းဆုံးက ပြီးပြီဆိုရင် ဘာမှမစဉ်းစားပဲ နားလိုက်ပါ။

လေ့ကျင့်ခန်းလည်းလုပ်ပါ

တစ်နေ့ကို ၈ နာရီအလုပ်လုပ်ရရင် မိနစ် ၄၀ လောက်တော့ လေ့ကျင့်ခန်းပြန်လုပ်ပါ။ ဒါမှ ညောင်းညာတာ၊ ခါးနာတာတွေ သက်သာပါမယ်။

ထိုင်ခုံသေချာရွေးပါ

ကိုယ်က အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်ရတာဆိုရင် ထိုင်ခုံကို သေချာရွေးပါ။ ထိုင်ခုံက သက်တောင့်သက်သာဖြစ်မှ ခါးနာတာ၊ တင်ပဆုံနာတာ၊ ဇာတ်ကြောတက်တာတွေ မဖြစ်မှာပါ။

ခါးကုန်းပြီးမထိုင်ပါနဲ့

ကိုယ်အလုပ်ထိုင်လုပ်နေတာက ခါးကုန်းနေတာမျိုးဆိုရင် အချိန်ကြာကြာထိုင်လုပ်ဖို့ အဆင်မပြေပါဘူး။ ခါးနာပြီး ဇာတ်ကြောတက်ပါလိမ့်မယ်။

စားပွဲနားမှာ အပင်လေးတွေထားပါ

အလုပ်စားပွဲနားမှာ၊ အလုပ်စားပွဲပေါ်မှာ အပင်လေးတွေထားရင် စိတ်ကို relax ဖြစ်စေပါတယ်။ Stress တွေ လျော့ကျစေပါတယ်။