ရေခဲကလည်း အသားအရေအတွက် ကောင်းတဲ့အရာတစ်ခုပါပဲ။ အိမ်မှာအလွယ်တကူ လုပ်လို့ရတာ လည်း ဖြစ်တာကြောင့် လူတိုင်းလုပ်ရတာ အဆင်ပြေပါတယ်။ မျက်နှာကို ရေခဲကပ်ပေးမယ်ဆိုရင် သင့်အသားအရေအတွက် ဒီလိုကောင်းတဲ့အရာ ၇ ခု ရရှိစေပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်ခြင်း

မျက်နှာကို ရေခဲကပ်၊ ရေခဲနဲ့ ဖြေးဖြေးချင်းစီ တစ်ပြင်လုံး ပွတ်ပေးခြင်းက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး မျက်နှာလေး Glow လာစေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။

Skincare ပိုစုပ်ယူနိုင်ခြင်း

ညဘက် Skincare မလိမ်းခင်မှာ မျက်နှာကို ရေခဲအရင်ကပ်ပေးရင် ကိုယ်လိမ်းမယ့် Skincare တွေကို ပိုပြီးစုပ်ယူနိုင်ပါတယ်။

ချွေးပေါက်ကျဉ်းစေခြင်း

မျက်နှာကိုရေခဲကပ်ပေးခြင်းက ချွေးပေါက်လည်း ကျဉ်းစေဖို့ ကူညီပေးပါတယ်။

နေလောင်ထားတာသက်သာခြင်း

အသားအရေ နေလောင်ထားတဲ့အခါမှာလည်း ရေခဲကပ်ပေးခြင်းက နေလောင်တာ၊ အသားအရေနီမြန်းတာတွေကို သက်သာစေပါတယ်။

အရေးအကြောင်းသက်သာစေခြင်း

မျက်နှာကို ရေခဲကပ်ပြီး လက်ချောင်းလေးတွေနဲ့ Massage လုပ်ပေးခြင်းကတော့ အရေးအကြောင်းတွေ သက်သာစေပါတယ်။

မျက်အိတ်ဖောင်းတာသက်သာခြင်း

မျက်အိတ်ဖောင်းရင် နေ့တိုင်း မျက်လုံးအောက်နားကို ရေခဲကပ်ပေးပါ။ မျက်အိတ်ဖောင်းတာ သက်သာစေပါတယ်။

Flawless Skin ဖြစ်စေခြင်း

မိတ်ကပ်လိမ်းတဲ့အခါ အသားအရေမကောင်းဘူးလို့ ခံစားရရင် မိတ်ကပ်မလိမ်းခင်မှာ မျက်နှာကို ရေခဲပွတ်ပေးပြီး လက်ချောင်းလေးတွေနဲ့ Massage လုပ်ပေးပါ။ ပြီးမှ မိတ်ကပ်လိမ်းပါ။ ဒါဆိုရင် Flawless Skin လေးဖြစ်ပြီး မိတ်ကပ်လိမ်းလို့ ပိုကောင်းပါတယ်။