လူတွေရဲ့ ထောက်ခံမှုက အရေးမကြီးကြောင်း အကြောင်းပြချက်တွေ အများအပြား ရှိပါတယ်။ ဒီအကြောင်းပြချက်တွေထဲကမှ အချို့ကို ဒီထဲ ဖော်ပြပါရစေ။ တခြားသူတွေ ဖြစ်စေချင်တာကို လိုက်လုပ်ပေးရင်း သင့်ပျော်ရွှင်မှုကို မစွန့်လွှတ်သင့်ပါဘူး။ ဒီတော့ လူတွေရဲ့ ထောက်ခံမှု၊ လက်ခံမှုက သင့်အတွက် အရေးမကြီးကြောင်း ပိုသိလာစေဖို့ အကြောင်းပြချက်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ ဒါက သင့်ဘဝပါ

သင်သာ ကျေနပ်မှု ရှိမယ်၊ နောင်တ မရဘူးဆိုရင် သင်လုပ်ချင်တာကို လုပ်သင့်ပါတယ်။ ဒီဘဝက သင့်ဘဝပါ။ ဝေဖန်သူတွေရဲ့ ဘဝ မဟုတ်ပါဘူး။ သူတို့မှာလည်း ဘဝမှာ အရှုပ်အထွေး ကိုယ်စီ ရှိတတ်ပါတယ်။ ဒီတော့ သင်က တခြားသူတွေကို သိပ်ဂရုစိုက်နေစရာ မလိုပါဘူး။

၂။ သင့်အတွက် ဘယ်အရာ သင့်တော်လဲ သင်အသိဆုံးပါ

သင့်ဘဝမှာ ဘယ်အရာက သင့်တော်လဲ သင်ပဲ အသိဆုံးပါ။ လူတွေက သူတို့ဘဝနဲ့ နှိုင်းယှဉ်ပြီး သင့်ကို ဝေဖန်ကြပါလိမ့်မယ်။ ဒီထဲ လိုက်ခံစားမနေသင့်ပါဘူး။ သင့်ဘဝအတွက် အသင့်တော်ဆုံး အရာကို ရဲရဲဝံ့ဝံ့လုပ်ရဲပြီး တာဝန်ယူစိတ်ရှိရင် ရပါပြီ။

၃။ သင်ပျော်ဖို့ ဘယ်သူ့ထောက်ခံမှု မှ မလိုပါဘူး

လူတိုင်းက သင့်ကို မကြိုက်နိုင်ပါဘူး။ သင့်အနေနဲ့ သူတို့ ကျေနပ်အောင် လိုက်လုပ်ပေးမနေသင့်ပါဘူး။ လူတွေက သင့်ကို လက်မခံဘူးဆိုတာ သင့်အမှားမဟုတ်ပါဘူး။ ဒါက သူတို့ အပိုင်းပါ။ သင်က ဘဝကို ပျော်ပျော်ဖြတ်သန်းချင်တယ်ဆိုရင် တခြားသူတွေရဲ့ ထောက်ခံမှုကို စောင့်မနေသင့်ပါဘူး။

၄။ လူတွေရဲ့ အတွေးကို သင်ထိန်းချုပ်လို့မရဘူး

သင့်အတွေး သင်တောင် မထိန်းချုပ်နိုင်တဲ့အချိန် တခြားသူတွေရဲ့ အတွေးကို လိုက်ထိန်းချုပ်နေလို့ မရပါဘူး။ သူတို့က ထင်ချင်ရာ ထင်နေသလို သင်ကလည်း လုပ်စရာရှိတာ ဆက်လုပ်ရုံပါပဲ။

၅။ သင့်ကိုယ်သင်ယုံကြည်မှု ရှိပါ

သင့်ဆုံးဖြတ်ချက်တွေအပေါ် အယုံအကြည် ရှိသင့်ပါတယ်။ တခြားသူတွေရဲ့ အထင်အမြင်ပေါ် လိုက်ပြီး သင့်ဆုံးဖြတ်ချက်၊ အတွေးတွေကို ပြန်မပြင်သင့်ပါဘူး။ အဆုံးသတ်မှာ တကယ့်ရလဒ်တွေကို ခံစားရမှာ သင်တစ်ယောက်တည်းပဲမို့ တခြားသူတွေရဲ့ ထောက်ခံမှု ကို မရလည်း ကိစ္စမရှိပါဘူး။

၆။ တခြားသူတွေက အဲ့လောက် ဂရုမစိုက်ပါဘူး

သင်က ကိစ္စတစ်ခုခုမှာ အပြောခံရမှာ ကြောက်လို့ ရှေ့ဆက်မတိုးတာမျိုးကို ရှောင်သင့်ပါတယ်။ သင့်အကြောင်းကို အခြားသူတွေက အချိန်အတိုင်းအတာတစ်ခုအထိ ဂရုစိုက်ပေမယ့် ကြာလာရင် ဂရုမစိုက်အားတော့ပါဘူး။ သင့်အနေနဲ့ တခြားသူအမြင်ကို သိပ်မတွေးဘဲ ကိုယ်လုပ်ချင်တာကို တစိုက်မတ်မတ် လုပ်သင့်ပါတယ်။

၇။ လူတွေရဲ့အတွေးက သင့်ကိစ္စမဟုတ်ပါဘူး

လူတွေရဲ့ ခံယူချက်တိုင်းက သင့်အတွက် ဘဝတစ်ခုလုံးစာ ကိစ္စကြီးမဟုတ်ပါဘူး။ လူတွေရဲ့ ထောက်ခံမှုကို လိုက်မေးလေလေ သင့်ဘဝ ဆုံးဖြတ်ချက်တွေ မချရဲလေလေ ဖြစ်တတ်ပါတယ်။ လူတိုင်းက ကိုယ်ကြိုက်သလို စဉ်းစားပိုင်ခွင့်၊ လုပ်ပိုင်ခွင်ရှိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar