ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့အတွက် ၇ ရက်အတွင်းဝိတ်ချနည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

ဒီနည်းလမ်းလေးက ဗိုက်ချပ်သွားမှာဖြစ်ပါတယ်။

၁ ပေါင်ကနေ ၅ ပေါင်ထိကျသွားစေမှာဖြစ်ပါတယ်။

သင်ဘယ်လောက်ပဲ အလုပ်ရှုပ်နေတဲ့သူဖြစ်ပါစေ ဒီနည်းလမ်းလေးကိုတော့ လိုက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

လွယ်ကူပြီး ကျန်းမာရေးနဲ့ညီညွှတ်ကာ အရသာရှိတဲ့ အစားအစာတွေကို စားသုံးပေးပါ။

တစ်ပတ်အတွင်းမှာ ဆိုဒါပါတာ လုံးဝမစားပါနဲ့။ မသောက်ပါနဲ့။

တစ်နေ့ကို ရေ ၁၀ ခွက်သောက်ပေးပါ။ မနက် အိပ်ယာနိုးနိုးချင်း ၂ ခွက် ၁၀ နာရီမထိုးခင်ထိ ၂ ခွက် နေ့လည်ဖက် ၂ ခွက်၊ ညနေ ၃ နာရီမှာ ၂ ခွက် ညဖက် ၂ ခွက်ဆီဖြစ်ပါတယ်။

အချိုမစားပါနဲ့။ သကြားမပါတဲအစားအစာတွေကိုသာရွေးစားပါ။ အသင့်စားအစားအစာ လုံးဝမစားပါနဲ့။ ကိုယ်တိုင်ပဲ ချက်စားပါ။

နှမြောစာရှောင်ပါ။ ပေါင်မုန့် ၊ ပါစတာခေါက်ဆွဲ၊ ကွတ်ကီး စတဲ့ ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေမစားပါနဲ့။

အရက်မသောက်ပါနဲ့။ နို့ထွက်စာမစားပါနဲ့။ ကြက်ဥစားနိုင်ပါတယ်။ အပြင်မှာမစားပါနဲ့။ အိမ်မှာပဲ ကိုယ့်ဘာသာကိုယ်ချက်စားပါ။ အနီရောင်အစင်းရှိတဲ့အသားတွေမစားပါနဲ့။ တစ်ပတ်လောက်ပါပဲနော်။ အစိမ်းရောင်အစားအစာတွေ စားပေးပါ။ ပရိုတင်းဓါတ်ပါတဲ့အစားအစာတွေ စားပေးပါ။ တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်ပေးပါ။

မနက်ပိုင်းမှာ – ကြက်ဥပြုတ် ၁ လုံး၊ ပေါင်မုန့် ၂ ချပ်၊ ကော်ဖီ ၁ ခွက်(သို့) သစ်သီးဖျော်ရည်တစ်ခွက် သောက်ပေးပါ။

သရေစာ – ဗိုက်စာလာရင် သရေစာအဖြစ် အသီးအနှံစားပေးပါ။

နေ့လည်စာ – နေ့လည်စာကိုတော့ ထမင်းနဲ့ ဟင်းစားပေးနိုင်ပါတယ်။ (ပန်းကန်ကို အရွယ်အစားပြောင်းသုံးပါ။ ပန်းကန်လုံးသေးသေးပဲစားပါ။) ထမင်းနည်းနည်း အသီးအရွက်များများချက်စားပါ။ အဆီနည်းနည်းနဲ့ အသီးအရွက်အစိမ်းသုတ်တွေ စားပေးပါ။

သရေစာ – သစ်သီးဖျော်ရည် (သို့) သစ်သီးစားပေးပါ။

ညစာ – ဟင်းရွက်ပြုတ်ရည် တစ်မျိုးမျိုးသောက်ပေးပါ။ (သို့) သစ်သီးစားပေးပါ။ ညအိပ်ယာမဝင်ခင်မှာ သံပုရာသီးကို အရည်ညှစ် ရေနွေးနဲ့ဖျော် အခွံကိုလည်းမပစ်ဘဲ ထည့်ပေးပါ။ ပျားရည်နည်းနည်းထည့်ပြီး သောက်ပေးပါ။

ရေကိုတော့ ရှေ့မှာဖော်ပြခဲ့ပြီးတဲ့အတိုင်း သောက်ပေးရမှာဖြစ်ပါတယ်။