မနက်ခင်းမှာ ရေအေးတစ်ခွက်သောက်တာက ကောင်းတယ်ဆိုပြီးပြောကြသလိုပဲ ရေနွေးတစ်ခွက်သောက်ပေးတာလည်း ကောင်းပါတယ်။ ရေနွေးကြမ်းမဟုတ်ပဲ ရိုးရိုးရေနွေးကို သောက်ပေးရမှာပါ။ မနက်ခင်းမှာ ရေနွေးတစ်ခွက်သောက်ပေးခြင်းက ဒီလိုကောင်းကျိုးတွေ ရရှိစေပါတယ်။

Hydration ပြည့်ဝစေခြင်း

ရေအေးပဲဖြစ်ဖြစ်၊ ရေနွေးပဲဖြစ်ဖြစ် မနက်ခင်းအိပ်ယာနိုးတာနဲ့ သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝသွားစေပါတယ်။ ကျန်းမာရေးအတွက်ရော၊ အသားအရေအတွက်ရော ကောင်းကျိုးပေးပါတယ်။

အစာခြေစနစ်ပိုကောင်းစေခြင်း

ရေနွေးက အစာခြေရည်တွေရဲ့ စီးဆင်းမှုကို မြှင့်တင်ပေးပြီး အစာခြေစနစ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ အစာချေဖျက်တဲ့အခါမှာလည်း ပိုပြီးထိရောက်မှုရှိစေတယ်၊ အစာခြေစနစ်လည်း ပိုကောင်းလာစေပါတယ်။

ဝမ်းချုပ်တာသက်သာစေခြင်း

မနက်နိုးတာနဲ့ ရေနွေးသောက်ပေးခြင်းက ဝမ်းပျော့စေပြီး အူလှုပ်ရှားမှုကို အားကောင်းစေတဲ့အတွက် ဝမ်းချုပ်တာလည်း သက်သာစေပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်စေခြင်း

မနက်ခင်းမှာ ရေနွေးတစ်ခွက်သောက်ပေးခြင်းက ခန္ဓာကိုယ် သွေးလည်ပတ်မှုကိုလည်း ပိုပြီးကောင်းမွန်လာစေပါတယ်။ အထူးသဖြင့် သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာရှိတဲ့သူတွေအတွက်ဆို ပိုတောင်အကျိုးရှိပါတယ်။

နာကျင်မှုတွေသက်သာစေခြင်း

လည်ချောင်းနာတာ၊ ကြွက်သားနာကျင်တာ၊ ဓမ္မတာကြောင့် အောင့်တာတွေ၊ နာကျင်တာတွေဆိုလည်း ရေနွေးသောက်ပေးတာက သက်သာစေပါတယ်။ ဒါကြောင့် မနက်ခင်းရေနွေးသောက်ပေးတဲ့ အကျင့်လေးရှိရင် ပိုကောင်းပါတယ်။

Stress တွေလျော့ကျစေခြင်း

ရေနွေးသောက်ပေးတာက စိတ်ဖိစီးတွေ၊ စိုးရိမ်ပူပန်မှုတွေတွေကို လျှော့ချပေးနိုင်ပြီး Mood ပိုကောင်းလာအောင် မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် Stress တွေလျော့ကျအောင် မနက်အိပ်ယာနိုးတာနဲ့ ရေနွေးတစ်ခွက်သောက်လိုက်နော်။

ခံတွင်းကျန်းမာရေးပိုကောင်းစေခြင်း

ရေနွေးက ဘတ်တီးရီးယားတွေကို ဆေးကြောသန့်စင်ပေးနိုင်တဲ့အတွက် ခံတွင်းသန့်ရှင်းရေးကို အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုးထွက်ခြင်းနဲ့ ခံတွင်းပိုးဝင်ခြင်း အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပြီး ခံတွင်းကျန်းမာရေး ပိုကောင်းလာစေပါတယ်။