အကြောင်းအမျိုးမျိုးကြောင့် ရလာတဲ့ stress တွေကို အချိန်တိုအတွင်းမှာ ချက်ချင်းလျော့ကျသွားအောင် ကူညီပေးမယ့် အလွယ်ဆုံးနည်းလမ်း ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။ Stress တွေများမလာခင် ပိုဆိုးမလာခင်မှာ မြန်မြန်လျော့ကျအောင် လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ။

များများရယ်မောပါ

Stress တွေများနေချိန်မှာ ရယ်စရာတွေကြည့်ပြီး များများရယ်မောပေးရင် စိတ်ဖိစီးမှုတွေ stress တွေ ချက်ချင်းလျော့ကျသွားပြီး လွတ်လပ်ပေါ့ပါးသွားစေပါတယ်။

ပီကေဝါးပါ

ပီကေဝါးရင် စိတ်ငြိမ်ပြီး stress တွေ၊ ကြောက်စိတ်တွေ ချက်ချင်းကို လျော့ကျသွားစေပါတယ်။ ဒါကြောင့် ခဏခဏ stress ပိတတ်ရင် ပီကေဆောင်ထားပါ။

နား Massage လုပ်ပေးပါ

နားကို လက်ချောင်းလေးတွေနဲ့ message လုပ်ပြီး နှိပ်နယ်ပေးတာက stress တွေ ချက်ချင်းလျော့ကျသွားစေပြီး စိုးရိမ်ပူပန်မှုတွေလည်း လျော့ကျစေတဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။

ပူပေါင်းမှုတ်ပါ

ပူပေါင်းမှုတ်တာက စိတ်ဖိစီးမှု stress တွေ ချက်ချင်းလျော့ကျစေပြီး စိတ်ကို relax ဖြစ်စေပါတယ်။

ကိုယ်ချစ်တဲ့တိရိစ္ဆာန်လေးတွေနဲ့အချိန်ကုန်ပါ

ကိုယ်ချစ်တဲ့ တိရိစ္ဆာန်လေးတွေနဲ့ အတူတူ အချိန်ဖြုန်းလိုက်တာက စိတ်ပျော်ရွှင်ကြည်နူးရပါတယ်။ ရှိနေတဲ့ stress တွေကိုပါ မေ့သွားစေပါတယ်။

Vitamin C ပါတဲ့ Drink တွေသောက်ပါ

Vitamin C ပါတဲ့ drink ဆိုရင်တော့ ဥပမာ orange juice လိုမျိုးပါ။ Vitamin C ပါလို့ စိတ်ကြည်လင်လန်းဆန်းစေတယ်။ ဒီတော့ stress တွေပါ လျော့ကျသွားပါတယ်။