ဆံပင်အရောင် မပြယ်သွားဖို့ လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ နည်းလမ်းအများစုကတော့ အကုန်အကျများတယ်။ Beauty Salon ကို ပုံမှန်သွားပေးရမယ်။ ဒါတွေပါပဲ။ ဒါပေမဲ့အရောင်မမှိန်အောင်ကိုယ်ကိုယ်တိုင် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေကတော့-

၁။ ဆေးဆိုးကတည်းက ဆေးကောင်းတာသုံးပါ

တချို့ပျိုမေတွေက နီးစပ်ရာအသိနဲ့ ဆိုင်တွေက ဆိုးဆေးဝယ်ပြီး ဆိုးတတ်ကြပါတယ်။ ဒီလိုလုပ်မယ့်အစား စဆိုးကတည်းက ဆေးကောင်းတာ ဆိုးပေးရပါမယ်။ အရောင်ပိုခံပြီး ဆံပင်ပျက်စီးဖို့ သိပ်ပြီး စိတ်ပူစရာမလိုတော့ပါဘူး။

၂။ ရှန်ပူအပျော့ကိုပဲသုံးပါ

Sulfate မပါတဲ့ ခေါင်းလျှော်ရည်က သင့်ဆံပင်အရောင်မှိန်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီရှန်ပူအမျိုးအစားတွေကို နေ့တိုင်းသုံးနိုင်ပါတယ်။ ခေါင်းအဆီတွေကို လျော့ပါးစေပြီး အရောင်မမှိန်အောင် ထိန်းပေးနိုင်ပါတယ်။

၃။ အယ်လ်ကိုဟောပါတဲ့ ဆံပင်အလှကုန်တွေမသုံးပါနဲ့

အယ်လ်ကိုဟောကို အခြေခံထားတဲ့ ဆံပင်အလှကုန်ပစ္စည်းတွေက ဆံပင်အရောင်မှိန်စေပါတယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက်ကျတဲ့အချိန်ဆိုရင် ပိုမသုံးသင့်ပါဘူး။ အခုနောက်ပိုင်း အယ်လ်ကိုဟော မပါတော့တဲ့ အလှကုန်တွေ များလာပါပြီ။ ရွေးချယ်ပြီးသုံးစွဲပေးရပါမယ်။

၄။ ဆံပင်ဆိုးထားတဲ့သူတွေအတွက် ထုတ်ထားတဲ့ ရှန်ပူမျိုးကို သုံးပေးပါ

ဆံပင်ဆိုးသူတွေအတွက်ဆိုပြီး သီးသန့်ထုတ်ထားတဲ့ ရှန်ပူတွေ ပျော့ဆေးတွေကို သုံးပေးသင့်ပါတယ်။ ဗောက်ပျောက်တဲ့ရှန်ပူတွေကို မသုံးသင့်ပါဘူး။

၅။ ဆံသားကိုကာကွယ်ပါ

နေရောင်ထိတဲ့အချိန် ဆံပင်ကို ကာကွယ်ပေးရပါမယ်။ ဦးထုပ်ဆောင်းသင့်ရင် ဆောင်းပေးရပါမယ်။ ဒါမှမဟုတ် SPF ပါတဲ့ ပျော့ဆေးအမျိုးအစားကို သုံးပေးသင့်ပါတယ်။

၆။ ကိုယ့်ဆံပင်ကို ကလေးငယ်လေးလို ဂရုစိုက်ပေးပါ

ပျက်စီးခြောက်သွေ့တဲ့ဆံကေသာက အရောင်တွေကို မထိန်းထားပေးနိုင်ပါဘူး။ ဆံပင်ကို ပုံမှန်ထိန်းသိမ်မှုတွေပြုလုပ်ပေးရပါမယ်။ ပုံမှန်ပေါင်းတင်ပေးတာတွေ လုပ်သင့်ပါတယ်။ ဆံပင်ခဏခဏ အပူထိတာကိုလည်း ရှောင်ပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar