ပေါင်တုတ်လို့စိတ်ညစ်နေတဲ့သူတွေ၊ ပေါင်တံကျစ်လစ်ပြီး ရှိနေတဲ့ ပေါင်ကအဆီတွေ ကျချင်တဲ့သူတွေအတွက် ပေါင်အဆီကျအောင် အိမ်မှာလုပ်လို့ရမယ့် နည်းလမ်းကောင်း ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလွယ်ကူတာကြောင့် ပေါင်အဆီကျချင်တယ်ဆိုရင် try ကြည့်သင့်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း chair pose နဲ့ အနည်းဆုံး စက္ကန့် ၃၀ ကနေ ၁ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် ထိုင်ပေးပါ။ အချိန်ပြည့်ရင် မတ်တပ်ပြန်ရပ် ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးရုံပါပဲ။ မနက်ပိုင်းမှာ လုပ်ပေးရမှာဖြစ်ပါတယ်။

အဆီလျော့ကျစေတဲ့ yoga pose တွေကတော့ အများကြီးရှိပါတယ်။ အဲ့ထဲကမှ ဒီ yoga pose ကတော့ လုပ်ရတာအရမ်းလွယ်ကူပြီး ပေါင်အဆီတွေကျစေပါတယ်။ ပထမပုံမှာပြထားတဲ့အတိုင်း ခြေကောလက်ကော ကားပြီးခုန်ရမှာပါ။ အဲ့အတိုင်း အနည်းဆုံး ၂၅ ကြိမ်ပြည့်အောင် ခုန်ရမှာဖြစ်ပါတယ်။

အရင်ဆုံး ပုံ A မှာပြထားတဲ့အတိုင်း စပြီးနေပါ။ ပြီးရင် ပုံ B မှာပြထားသလိုလုပ်ပါ။ ပြီးတာနဲ့ ပုံ C ထဲကလို ပြောင်းလုပ်ပါ။ အဲ့အတိုင်း pose သုံးမျိုးကို ဆက်တိုက်ပြောင်းလုပ်ပေးရမှာ ဖြစ်ပါတယ်။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ တစ်ဖက်ကို ၁၅ ကြိမ်စီ ဖြစ်ပါတယ်။

ပုံမှာပြထားတဲ့ step တွေအတိုင်း တစ်ဆင့်ချင်းစီ အစဉ်လိုက်လုပ်ပေးပါ။ ၄ မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်လို့ သတ်မှတ်ပါတယ်။ အနည်းဆုံး ၁၀ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။ ဒီနည်းလမ်းကတော့ ပေါင်အဆီကျစေပြီး အသားကျစ်လစ်စေပါတယ်။

ဒါကတော့ အလေးတုံးမရှိလည်း လေးတဲ့အရာတစ်ခုခုကို အစားထိုးသုံးလို့ရပါတယ်။ ပုံမှာပြထားတဲ့အတိုင်း အလေးတုံးကိုကိုင်ပြီး ပေါင်ကားထားပြီး တစ်ဝက်ထိုင်လိုက်၊ မတ်တပ်ပြန်ရပ်လိုက် လုပ်ပေးရမှာပါ။ အနည်းဆုံး ၁၅ ကြိမ်လုပ်ရပါမယ်။ ပေါင်အဆီမြန်မြန်ကျစေတဲ့ sumo squats ဖြစ်ပါတယ်။

နောက်ဆုံးနည်းလမ်းကတော့ လှေကားတက်ရမှာပါ။ လှေကားကို ပြေးတက်တာမျိုးပါ။ ဒီနည်းလမ်းက ပေါင်အဆီတင်မဟုတ်ပဲ တစ်ကိုယ်လုံးအဆီကျစေတဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။