အလှအပကို သဘောကျတဲ့ မိန်းကလေးတိုင်းအတွက် နေ့စဉ် မပျက်မကွက် ပြုလုပ်ပေးသင့်တဲ့အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။

ရေသောက်ပါ

အရေးအကြီးဆုံးက ရေသောက်ဖို့ပါပဲ။ ရေများများသောက်လေ အသားအရေလှပြီး ကိုယ်ရည်စစ်လေပါပဲ။ မိုးလင်း အိပ်ယာနိုးတဲ့အချိန်ကစပြီး ညအိပ်ယာဝင်တဲ့အချိန်ထိ ရေများများသောက်ပါ။

Skincare လုပ်ပါ

အလှအပကြိုက်ရင် skincare လုပ်ဖို့မမေ့ပါနဲ့။ မျက်နှာသစ်၊ toner လိမ်း၊ moisturizer လိမ်းပါ။ ညဘက်ဆိုရင် double cleansing လုပ်ဖို့မမေ့ပါနဲ့။ တစ်ပတ် တစ်ခါ exfoliate လုပ်၊ body scrub လုပ်ပါ။

Workout လုပ်ပါ

Workout ပုံမှန်လုပ်ပေးရင် body လှပြီး ကျန်းမာစေတဲ့အပြင် ချွေးပုတ်တွေထွက်သွားလို့ အသားအရေလည်း ကြည်လင်စေပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး stress တွေလည်း လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာမှာ workout လုပ်ဖို့ အချိန်ဖယ်ထားပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်တာတွေများရင် skincare ဘယ်လောက်လုပ်လုပ် အသားအရေက မွဲညစ်နေမယ်၊ မျက်ကွင်းတွေကျနေပါမယ်။ အရေးအကြောင်းတွေလည်း မြန်မြန်ဖြစ်လာပါမယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ပါ။

အစားအသောက်ကိုဂရုစိုက်ပါ

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေ၊ အသီးအရွက်၊ အသီးအနှံတွေကို များများစားပေးမယ်ဆိုရင်တော့ အသားအရေလှပြီး ကိုယ်ရည်စစ်သွားမှာပါ။ ကျန်းမာလှပတဲ့ body လေးကိုလည်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

သွားကျန်းမာရေးဂရုစိုက်ပါ

သွားတွေဝါပြီး သွားပျက်စီးနေရင် မလှပါဘူး။ ပြုံးရယ်တိုင်းမှာ လှနေဖို့အတွက် သွားကျန်းမာရေးကလည်း လိုအပ်ပါတယ်။ ဒါကြောင့် သွားကို တစ်နေ့ ၂ ကြိမ် ပုံမှန်တိုက်ပါ။ သွားကျန်းမာရေး ပုံမှန်စစ်ဆေးပေးပါ။