မိန်းကလေးတိုင်းရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် မှားယွင်းစွာလုပ်လေ့ရှိကြတဲ့ အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါမှ ကိုယ်လုပ်မိနေတာတွေရှိရင်လည်း ဆင်ခြင်လို့ရမှာပါ။

Pad ကို မလဲပဲထားခြင်း

နေ့စဉ်သုံး pad ကို ၃ – ၅ နာရီခြားတစ်ခါ လဲပေးဖို့လိုပါတယ်။ Menstrual pad ကိုတော့ ၄ နာရီခြားတစ်ခါ လိမ်းပေးဖို့လိုပါတယ်။ သွေးဆင်းတာအရမ်းများရင်တော့ ၂ နာရီခြားတစ်ခါလောက် လဲပေးပါ။ Pad ကို ဒီလိုပုံမှန်မလဲပေးရင် အနံ့ဆိုးထွက်စေပြီး ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

နားကိုခဏခဏမကလိပါနဲ့

နားကိုသန့်စင်မယ်ဆိုရင် ဂွမ်းတံလေးနဲ့ သေချာသန့်စင်ပေးပါ။ လက်ချောင်းတွေနဲ့နှိုက်တာမျိုး၊ ကလစ်နဲ့ကလော်တာမျိုးတွေက ပိုးဝင်စေပါတယ်။ နားကို ခဏခဏနှိုက်ပြီး ကလိတာမျိုးလည်း မလုပ်ရပါဘူး။

နေ့တိုင်း Exfoliating မလုပ်ပါနဲ့

တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ အလှအပအတွက် skin exfoliating လုပ်ရတယ်ဆိုပေမယ့် နေ့တိုင်း၊ ခဏခဏ exfoliating လုပ်ရင် အသားခြောက်ပြီး အသားအရေယားယံတာမျိုးတွေ ဖြစ်စေပါတယ်။ အကောင်းဆုံးက တစ်ပတ်ကို ၂ ကြိမ်ထက်ပိုပြီး မလုပ်ပါနဲ့။

ရှူးဖိနပ်အတွင်းမှာခံတဲ့အပြား

ရှူးဖိနပ်အတွင်းမှာခံတဲ့အပြားကို တစ်နှစ်တစ်ခါလဲပေးပါ။ ခြေဆီအရမ်းထွက်တဲ့သူဆိုရင် ၆ လ တစ်ခါလောက် လဲပေးပါ။ ပုံမှန်မလဲပေးရင် အနံ့ဆိုးတွေထွက်စေပြီး ဘတ်တီးရီးယားတွေ ဖြစ်စေပါတယ်။ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

ဂျိုင်းကို Scrub မလုပ်ခြင်း

တော်တော်များများက body scrub လုပ်တယ်၊ မျက်နှာကို exfoliating လုပ်တယ်၊ ဒါပေမယ့် ဂျိုင်းကိုတော့ မေ့နေတတ်ကြပါတယ်။ ဂျိုင်းမဲတာသက်သာစေဖို့၊ ဂျိုင်းသားနူးညံ့ချောမွေ့စေဖို့ ဂျိုင်းကိုလည်း ၂ ပတ် တစ်ခါလောက် scrub တိုက်ပေးပါ။ Sensitive skin တွေဆိုရင်တော့ facial cleanser နဲ့ ပုံမှန်သန့်စင်ပေးလို့ ရပါတယ်။

Antibacterial ဆပ်ပြာနဲ့နေ့တိုင်းလက်ဆေးခြင်း

Antibacterial ဆပ်ပြာနဲ့ နေ့တိုင်းလက်ဆေးခြင်းက လက်အသားအရေ ပျက်စိးစေပါတယ်။ အသားခြောက်ပြီး အရေခွံကွာတာမျိုးတွေ ဖြစ်စေတာကြောင့် သတိထားသုံးဖို့လိုပါတယ်။

source:www.brightside.me