ရေကူးပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက်ရော၊ အလှအပအတွက်ရော အရမ်းကို အထောက်အကူပြုပါတယ်။ ဒီလိုအထောက်အကူဖြစ်တဲ့ အရာတွေအများကြီးထဲကမှ ရေပုံမှန်ကူးပေးခြင်းကြောင့် ရရှိလာမယ့် Positive Things (6) ခုကို ရွေးချယ်ပြီး မျှဝေပေးလိုက်ပါတယ်။

ပိုအိပ်လို့ကောင်းလာခြင်း

ရေကူးပေးခြင်းက ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် ညဘက်အိပ်မပျော်ဖြစ်နေတဲ့သူဆိုရင် ကိုယ့်ရဲ့ Lifestyle ထဲမှာ ရေကူးတဲ့အလေ့အကျင့်ကို ထည့်ပြီးတော့ ပုံမှန်ကူးပေးနိုင်ပါတယ်။

အဆုတ်အားပိုကောင်းလာခြင်း

ရေပုံမှန်ကူးပေးခြင်းက အဆုတ်အားပိုကောင်းလာစေပြီး အမောခံနိုင်လာပါတယ်။ သက်လုံလည်း ပိုကောင်းလာစေပါတယ်။

အိုမင်းရင့်ရော်မှုတွေဖြစ်ပွားမှုကိုနောက်ကျစေခြင်း

ရေကူးပေးတာက သွေးလည်ပတ်မှုကောင်းမွန်စေပြီး အရေးအကြောင်းတွေ၊ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်ပွားမှုနှုန်းကိုလည်း နောက်ကျစေပါတယ်။ အသားအရေလျော့တွဲကျတာတွေ သက်သာစေတယ်၊ အသားအရေကျစ်လစ်လာစေပါတယ်။ ဒါကြောင့် အလှအပအတွက်လည်း အထောက်အကူပြုတာပေါ့။

Energy ပိုကောင်းလာခြင်း

တစ်ပတ်ကို ၃ ရက်လောက်ပဲ ပုံမှန်ရေကူးပေးရုံနဲ့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် သိသာတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ကိုယ်ရောစိတ်ပါ ထိုင်းမှိုင်းလေးလံနေတာတွေကို လျော့ကျစေပြီး Energy ပိုကောင်းလာစေတယ်၊ ပိုပြီးတော့ Active ဖြစ်လာစေပါတယ်။

Stress တွေလျော့ကျစေခြင်း

စိတ်ဖိစီးမှုများတဲ့သူတွေ၊ တစ်နေ့တစ်နေ့ အလုပ်တွေ၊ စာတွေနဲ့ ဝန်ပိနေတဲ့သူတွေဆိုရင်လည်း ရေကူးပါ။ ရေကူးပေးခြင်းက Stress တွေလျော့ကျစေပြီး စိတ်ပေါ့ပါးလန်းဆန်းစေပါတယ်။ ကိုယ်ရောစိတ်ပါ Relax ဖြစ်စေပါတယ်။

Body ပိုလှလာခြင်း

နောက်ဆုံးတစ်ခုကတော့ ရေပုံမှန်ကူးပေးခြင်းက Body ပိုလှလာစေပါတယ်။ အသက်ငယ်သေးတဲ့သူဆို အရပ်ရှည်လာပါမယ်။ ကိုယ်ရည်စစ်ပြီး ဝိတ်ကျလာမယ်၊ အဆီတွေလျော့ကျလာပါမယ်။ Body ကျစ်လစ်ပြီး အရင်ထက်ပိုလှပလာပါမယ်။