မျက်ကွင်းညိုတာကို မကြိုက်ရင် ကိုယ်တိုင်ကလည်း မျက်ကွင်းညိုစေမယ့် အရာတွေကို မလုပ်မိဖို့လိုပါတယ်။ ဒါကြောင့် မျက်ကွင်းညိုတာမျိုးမဖြစ်အောင် ကြိုတင်ရှောင်ကြဉ်သင့်တဲ့ အမှား ၆ ခု ကို ဖော်ပြပေးလိုက်ပါတယ်။

ငိုခြင်း

ငိုရင် ကျလာတဲ့မျက်ရည်တွေက ဆားရည်တွေဖြစ်တာကြောင့် မျက်ကွင်းညိုမဲစေပြီး ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် အရေးကြီးကိစ္စတွေရှိတဲ့နေ့မျိုးမှာ မျက်ကွင်းညိုနေတာမျိုး မဖြစ်ချင်ဘူးဆိုရင် မငိုမိဖို့လိုပါတယ်။

Oversleeping

အိပ်ရေးဝအောင် ဒီလောက်အိပ်ထားရက်နဲ့ မျက်ကွင်းကဘာလို့ညိုနေတာလဲဆိုပြီး တွေးမိကြမှာပါ။ တကယ်တော့ အိပ်ရေးအဝလွန်ပြီး Oversleeping ဖြစ်နေလို့ကို မျက်ကွင်းညိုသွားတာပါ။ အိပ်ရေးပျက်ပြီး အိပ်စက်ချိန်နည်းရင် မျက်ကွင်းညိုသလိုပဲ အရမ်းကို အချိန်အကြာကြီး ဆက်တိုက်အိပ်ပြီး Oversleeping ဖြစ်နေရင်လည်း မျက်ကွင်းတွေ အရမ်းညိုနေတတ်ပါတယ်။

ပြင်းထန်တဲ့နေရောင်ခြည်ထိခြင်း

နေအရမ်းပြင်းတဲ့အချိန်မှာ အချိန်ကြာနေပူထဲသွားလာနေရင် အသားအရေပျက်စီးစေပါတယ်။ ဒါကြောင့်လည်း Sunscreen လိမ်းရတာပါ။ မျက်လုံးနားတစ်ဝိုက်ကျတော့ Sunscreen လိမ်းလို့မရတဲ့အတွက် ပြင်းထန်တဲ့နေရောင်ခြည်ထိရင် မျက်ကွင်းတွေညိုပြီး အရေးအကြောင်းတွေ ပေါ်လာစေပါတယ်။ ကြိုတင်ကာကွယ်ဖို့ဆိုရင်တော့ နေပူထဲသွားရင် နေကာမျက်မှန်တပ်ဖို့ပဲရှိပါတယ်။

ဆားသုံးစွဲမှုလွန်ကဲခြင်း

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ လိုအပ်တဲ့ဆားပမာဏထက်ပိုပြီး လွန်ကဲစွာသုံးစွဲမိရင်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ မျက်ကွင်းလည်းညိုမဲစေပါတယ်။

Iron ဓာတ်ချို့တဲ့ခြင်း

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ Iron ဓာတ်ချို့တဲ့နေရင်လည်း မျက်ကွင်းညိုစေပါတယ်။ ဒါကြောင့် Iron ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကို များများစားပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ Iron Level ကို မြှင့်တင်ပေးနိုင်ပါတယ်။

Unhealthy Lifestyle

တစ်ချိန်လုံး ဖုန်းတွေကြည့်ပြီး အိပ်ချိန်တွေမမှန်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်ကွင်းတွေအရမ်းညိုပြီး မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ ကိုယ်က မွေးရာပါမျက်ကွင်းညိုတာမဟုတ်ပဲ မျက်ကွင်းတွေ အရမ်းညိုပြီး အရေးအကြောင်းတွေပါ ပေါ်နေပြီဆိုရင်တော့ ကိုယ်ရဲ့ Lifestyle ကိုက Unhealthy Lifestyle ဖြစ်နေလို့ပါပဲ။