လက်သည်းပျက်စီးတယ်ဆိုတာက ကိုယ့်လုပ်ရပ်ကြောင့်ပဲ ဖြစ်တာများပါတယ်။ ဒါကြောင့် လှပတဲ့ လက်သည်းလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် လက်သည်းကိုလည်း သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ လက်သည်းပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းအရင်း ၆ ခုကိုလည်း ဆင်ခြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

Gel လက်သည်းနီခဏခဏဆိုးခြင်း

Gel လက်သည်းနီ ခဏခဏဆိုးတာက မကောင်းပါဘူး လက်သည်းပျက်စီးစေပါတယ်။ လက်သည်းပျော့ပြီး ကျိုးပဲ့လွယ်ပါတယ်။ ဒါကြောင့် ဆိုးမယ်ဆိုရင်လည်း တစ်ခါတစ်လေမှဆိုးတာ ကောင်းပါတယ်။

လက်သည်းနီကိုပြီးစလွယ်ဖျက်ခြင်း

လက်သည်းနီကို ဆိုးပြီးဖျက်တဲ့အခါမှာ လက်သည်းဖျက်ဆေးနဲ့ သေချာဖျက်ပါ။ Gel လက်သည်းဆိုးထားရင်လည်း ဆိုင်မှာသွားဖျက်ပါ။ အဲ့လိုမဟုတ်ပဲ ပြီးစလွယ် လက်နဲ့ခြစ်တာ၊ လက်နဲ့ခွာတာ၊ ဓားနဲ့ခြစ်တာမျိုးတွေ လုပ်တာက လက်သည်းအရမ်းပျက်စီးစေပါတယ်။

လက်သည်းနီဆိုးပြီးအကြာကြီးထားခြင်း

လက်သည်းနီဆိုးပြီးရင် လုံးဝမဖျက်ပဲ အဲ့အတိုင်းပဲထားတာမျိုးတွေ မလုပ်ပါနဲ့။ လက်သည်းပျက်စီးတာ၊ လက်သည်းဝါညစ်တာတွေ ဖြစ်စေပါတယ်။

လက်သည်းအတုတပ်ခြင်း

လက်သည်းအတုတပ်တာက ကော်သုံးရတာဖြစ်တဲ့အတွက် လက်သည်းပျက်စီးစေတာပါပဲ။ တစ်ခါတစ်လေပဲ ကောင်းပါတယ်။ အမြဲတမ်းလုပ်နေရင်တော့ လက်သည်းပျက်စီးမယ်၊ လက်သည်းပါးပြီး ပျော့လာပါမယ်။

ထိပ်ပိတ်ဖိနပ်စီးခြင်း

ထိပ်ပိတ်ဖိနပ်အကြပ်တွေစီးတာက အခန့်မသင့်ရင် ခြေသည်းကျိုးပဲ့တာ၊ ခြေသည်းအထဲကို ငုပ်ဝင်တာမျိုးတွေ ဖြစ်စေပါတယ်။ ထိပ်ပိတ်ဖိနပ်စီးမယ်ဆိုရင် ခြေသည်းအရှည်မထားတာတော့ အကောင်းဆုံးပါပဲ။

လက်သည်းကိုက်ခြင်း

လက်သည်းကိုက်တာကတော့ ဖျောက်သင့်တဲ့ အကျင့်တစ်ခုပါပဲ။ လက်သည်းပျက်စီးစေပြီး လက်သည်းအရှည်နှေးစေတယ်၊ လက်သည်းတွေလည်း ပုတိုလေးတွေ ဖြစ်ပြီး ကြည့်ရဆိုးစေပါတယ်။