ပိုက်ဆံမစုဖြစ်ဘူး ရှာသမျှသုံးတာနဲ့ပဲ ကုန်နေတယ်ဆိုတာက သေချာစည်းစနစ်တကျ မကိုင်တွယ်လို့ပါ။ ကိုယ့်စိတ်ကိုမထိန်းနိုင်ပဲ စိတ်အလိုလိုက်နေတာတွေကြောင့်လဲ ပါပါတယ်။ ဒါကြောင့် ရှာသမျှပိုက်ဆံတွေကို အကျိုးရှိစေဖို့၊ စုမိဆောင်းမိဖြစ်အောင်လို့ သင့်ကိုလတိုင်း ပိုက်ဆံစုဖြစ်အောင်ကူညီပေးမယ့် အိုင်ဒီယာ ၆ ခုကို မျှဝေပေးလိုက်ပါတယ်။

ကိုယ်သုံးတာတွေကိုနေ့တိုင်းစာရင်းမှတ်ပါ

အရေးအကြီးဆုံးကတော့ ကိုယ်သုံးသမျှ ၁၀၀၊ ၂၀၀ ကအစ စာရင်းမှတ်ဖို့လိုပါတယ်။ ဒီတိုင်းသုံးနေရင် ပိုက်ဆံမရှိတော့တဲ့အခါကျ ဘာတွေသုံးလိုက်လို့ကုန်တာလဲဆိုပြီး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ်သုံးသမျှကို နေ့တိုင်းစာရင်းမှတ်ပေးပါ။ ဒါမှ လျှော့သင့်တာရှိရင်လည်း သိလာမှာပါ။

အပြင်ထွက်စားသောက်တာတွေကိုလျှော့ပါ

အပြင်ထွက်စားသောက်တာတွေက ပိုက်ဆံသိသိသာသာကို ကုန်စေပါတယ်။ ကိုယ်က ပျော်ပါးစားသောက်ချင်တယ်ဆိုရင်လည်း limit နဲ့လုပ်ပါ။ အရင်က အပတ်တိုင်းသွားစားနေတာဆိုရင် အခုကစပြီး တစ်လတစ်ခါပဲသွားစားပါ။

စုဘူးနဲ့စုပါ

ပိုက်ဆံကိုထုတ်မသုံးဘူး ဒီတိုင်း ဘဏ်အကောင့်ထဲပဲထားလိုက်မယ်၊ အဲ့ထဲမှာပဲစုမယ်ဆိုပြီးမလုပ်ပါနဲ့။ မနေနိုင်တဲ့အခါကျရင် အလွယ်လေးထုတ်သုံးလိုက်မှာပါ။ ဒါကြောင့် စုဘူးနဲ့သေချာစုပါ။

အိမ်မှာ Workout လုပ်ပါ

အခုနောက်ပိုင်းမှာဆိုရင် youtube ကနေ free program တွေကနေကြည့်ပြီး သေချာစနစ်တကျနဲ့ လိုက်ဆော့လို့ရတာတွေ အများကြီးပါ။ ဒါကြောင့် ပိုက်ဆံအပိုမကုန်အောင် gym သွားမဆော့ပဲ အိမ်မှာပဲ ဇွဲရှိရှိနဲ့ သေချာလုပ်ပေးပါ။

မလိုအပ်တာတွေမဝယ်ပါနဲ့

ကိုယ့်အတွက် ဘာလိုအပ်နေတာလဲ၊ ဘာမလိုအပ်ဘူးလဲဆိုတာကို သေချာခွဲခြားသိမြင်နိုင်ဖို့ လိုပါတယ်။ မလိုအပ်တာတွေကို လုံးဝမဝယ်ပါနဲ့တော့။ အဲ့တာတွေက တကယ့်ကိုပိုက်ဆံယိုပေါက်တွေပါပဲ။ လိုချင်တိုင်း၊ မြင်တိုင်းသာဝယ်နေရင် ပိုက်ဆံဘယ်တော့မှစုဖြစ်မှာ မဟုတ်ပါဘူး။

ပိုက်ဆံအများကြီးမကိုင်ပါနဲ့

ပိုက်ဆံအများကြီးကိုင်ရင် ကိုင်ထားသလောက် သုံးမိနေမှာပါ။ ဒါကြောင့် ပိုက်ဆံကို လိုသလောက်ပဲကိုင်ပါ။ အပြင်သွားရင်လည်း စိတ်ရှိတိုင်းသုံးလို့ရအောင် အများကြီးယူမသွားပါနဲ့။ ပိုက်ဆံမလောက်လို့ဆိုပြီး ချေးသုံးနေရင်လည်း ဘာမှမထူးပါဘူး။ ဒါကြောင့် ပိုက်ဆံသေချာစုချင်တယ်ဆိုရင် ကိုယ့်စိတ်ကိုနိုင်အောင်ထိန်းဖို့က အရေးအကြီးဆုံးပါပဲ။