ကိုယ်လက်ပေါ့ပါးပြီးနေလို့ကောင်းသွားအောင် ဆိုင်မှာ Massage သွားလုပ်ကြတာမျိုး ရှိပါတယ်။ ဒီလိုငွေကုန်ခံပြီး သွားမလုပ်ချင်တဲ့သူတွေအတွက်ကတော့ ဆိုင်မှာ Massage သွားလုပ်သလို ခံစားမှုမျိုးရစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

ထိုင်ခုံမှာ ပုံ ၁ ထဲက အနေအထားအတိုင်း အရင်စထိုင်ပြီး ပုံ ၂ ထဲကလိုလုပ်ပါ။ ပြီးမှ နောက်ဆုံး ပုံ ၃ ထဲကလိုလုပ်ပါ။ ၃ မျိုးလုံးကို ၅ ကြိမ်လုပ်ပေးပါ။

ထိုင်ခုံမှာ ပုံ ၁ ထဲကလို မတ်မတ်ထိုင်လိုက်ပါ။ ပုံ ၂ ထဲကလို ခေါင်းကိုငုပ်လိုက်ပါ။ ဒီ ၂ မျိုးကိုပဲ ၈ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။

ထိုင်ခုံမှာထိုင်ပြီး ပုံ ၁ ထဲကလို အနေအထားနဲ့ စက္ကန့် ၃၀ ပြည့်အောင် နေပေးပါ။ ပြီးမှ ပုံ ၂ ထဲကလို ပြောင်းလုပ်ပြီး စက္ကန့် ၃၀ လောက် ထပ်နေပေးပါ။ တစ်မျိုးကို ၃ ကြိမ်စီလုပ်ပေးပါ။

ထိုင်ခုံမှာထိုင်ပြီး ပုံမှာပြထားတဲ့အနေအထားအတိုင်းတွေ လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ၁၀ ကြိမ်လုပ်ပေးရမှာပါ။

ပုံ ထဲက အနေအထားအတိုင်း စက္ကန့် ၃၀ စနေပြီး ပုံ ၂ ထဲကလိုပြောင်းလုပ်ပါ။ ပုံ ၂ ထဲကအတိုင်းလည်း စက္ကန့် ၃၀ နေပေးပါ။ လုပ်နေတဲ့အချိန်မှာ အသက်ကိုရှိုက်ပြီး ရှူသွင်းရှူထုတ်လုပ်ပေးပါ။ ၅ ကြိမ်လုပ်ပေးရပါမယ်။

ကြမ်းပြင်မှာလှဲပြီး ပုံ ၁ ထဲကလို စက္ကန့် ၃၀ စနေပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကိုကွေးပြီး ပုံ ၂ ထဲကလို စက္ကန့် ၃၀ နေပါ။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ လုပ်ပေးပါ။

Source: www.brightside.me