ပေါင်တုတ်တဲ့သူတွေနဲ့ ပေါင်အတွင်းဘက်အဆီများလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ပေါင်တံသွယ်စေမယ့် လေ့ကျင့်ခန်းတွေကို ပြောပြပေးလိုက်ပါတယ်။ နေ့တိုင်း အချိန်ပေးပြီးမလုပ်နိုင်ရင်တောင် တစ်ရက်ခြားတစ်ခါ လုပ်ရုံနဲ့ရပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့်ပိုင်းလောက် ခဏနေပြီး မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် အဲ့အတိုင်း ပြန်လုပ်ပါ။ အကြိမ် ၂၀ လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ပေါင်အဆီတင်မဟုတ်ပဲ ဗိုက်အဆီပါကျစေပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း မှန်အောင်လုပ်ပေးရပါမယ်။ ခြေထောက်အနေအထားက မှန်ရပါမယ်။ ဘယ်ညာတစ်လှည့်စီ ၁၂ ကြိမ်လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထာအတိုင်း ခြေထောက်လေ့ကျင့်ခန်း လုပ်ရပါမယ်။ ဒီလေ့ကျင့်ခန်းမှာလည်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပါ။ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းကတော့ ထိုင်ထလုပ်သလိုပါပဲ။ ဒါပေမယ့် ခြေထောက်အနေအထားက ပုံမှာပြထားတဲ့အတိုင်း ဖြစ်ရပါမယ်။ ဒီလေ့ကျင့်ခန်းကိုတော့ အကြိမ် ၂၀ လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းကတော့ ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး ခုန်ကာ ခြေထောက်ကိုစု၊ လက်ကိုစုရပါမယ်။ ၅ ခါလောက်လုပ်ပေးရင် ရပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး ခြေထောက်နှစ်ဖက်ကိုစုကာ မြှောက်တင်လိုက်၊ ပြန်ချလိုက် လုပ်ရပါမယ်။ ဘယ်ညာတစ်လှည့်စီ လုပ်ပေးပါ။ တစ်ဖက်ကို ၁၀ ကြိမ်စီလုပ်ပေးပါ။

Source: www.brightside.me