မင်္ဂလာပါ ပျိုမေတို့ရေ။ ကြည်လင်ပြီး Glow နေတဲ့ အသားအရေမျိုး ပိုင်ဆိုင်ဖို့ဆိုရင် Skincare လုပ်တာအပြင် ကိုယ့်ရဲ့နေ့စဉ်အမူအကျင့်တွေက အသားအရေအပေါ် ထိခိုက်မှုရှိမရှိ သိထားဖို့လည်း လိုပါတယ်နော်။ အချို့သော အပြုအမူအမှားတွေက သင့်ရဲ့ လက်ရှိအသားအရေကို ပျက်စီးစေရုံမက ရေရှည်မှာလည်း အရွယ်နဲ့ မလိုက်အောင် ရုပ်ရင့်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအကျင့်တွေက တစ်ခါတစ်ရံ သင်ကိုယ်တိုင်တောင်မသိဘဲ လုပ်မိတတ်တာမို့ သတိထားလို့ရအောင် အိုမင်းရင့်ရော်မှုမြန်စေတဲ့ နေ့စဉ်အမူအကျင့်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ သင်ကိုယ်တိုင်လုပ်မိနေတဲ့အရာတွေပါမလား ကြည့်လိုက်ရအောင်နော်-

Sunscreen ပုံမှန်မလိမ်းတာ


Sunscreen ကို အပြင်ပဲထွက်ထွက်၊ အိမ်မှာပဲနေနေ ပုံမှန်လိမ်းဖို့ မမေ့ပါနဲ့နော်။ နေရောင်ခြည်ကလာတဲ့ UV တွေက ရာသီမရွေး ရှိနိုင်တာမို့ SPF ပမာဏများပြီး ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Sunscreen တစ်မျိုး မနက်တိုင်းပုံမှန်လိမ်းတဲ့အကျင့်လုပ်ပေးပါ။

အချိုအလွန်အကျွံစားတာ


အချိုစားလွန်းရင်လည်း ခန္ဓာကိုယ်ဝိတ်တက်စေရုံမက အသားအရေကိုပါ ထိခိုက်နိုင်ပါတယ်နော်။ သကြားက ကိုယ်တွင်း Collagen ဓာတ်ပျက်စီးပြီး လျှော့နည်းစေတာမို့ အသားအရေတင်းရင်းမှုမရှိတော့ဘဲ အရေးအကြောင်းတွေထွက်လာမှာပါ။ ဒါကြောင့်မို့ နုပျိုချင်ရင် အချိုလျှော့စားဖို့ မမေ့ပါနဲ့နော်။

ဆေးလိပ်သောက်တဲ့အကျင့်ရှိတာ


ဆေးလိပ်သောက်တတ်တာကလည်း သင့်မျက်နှာအသားခြောက်ပြီး အရွယ်မတိုင်ခင် ရုပ်ရင့်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဆေးလိပ်က ခန္ဓာကိုယ်တွင်းရေဓာတ်ဆုံးရှုံးစေတာမို့ အရေပြား အစိုဓာတ်ခန်းခြောက်ကာ အရေးအကြောင်းတွေ ပိုဖြစ်လာမှာပါ။

လက်သည်းခြေသည်းဆိုးတာ


Gel လက်သည်းနီတွေကို အခြောက်ခံဖို့သုံးရတဲ့ UV Light တွေက သင့်လက်နဲ့ခြေထောက်က အသားအရေကို အပူလောင်စေတာမို့ Skin အလွှာတွေပျက်စီးပြီး အရေးအကြောင်းထွက်လာမှာပါ။ ဒါကြောင့်မို့ မလိုအပ်ဘဲ ခဏခဏ Gel လက်သည်းနီ ဆိုးတာမျိုးကို ရှောင်ပေးပါနော်။

အိပ်ရေးမဝတာ


အသားအရေနုပျိုနေဖို့ နေ့တိုင်းအိပ်ရေးဝအောင် အိပ်ဖို့လည်း လိုပါတယ်နော်။ ညဘက်တွေမှာ အချိန်တစ်ခု သတ်မှတ်ပြီး စောစောအိပ်တဲ့အကျင့်လုပ်ပေးပါ။ ဒီလိုမဟုတ်ဘဲ အိပ်ရေးပျက်တဲ့ညတွေ များလာရင် အသားအရောင်မွဲခြောက်ပြီး မရွယ်မတိုင်ခင် ရုပ်ရင့်လာပါလိမ့်မယ်။

Stress တွေများနေတာ


Stress များလွန်းရင်လည်း လက်ရှိအရွယ်ထက် အသက်ကြီးပုံပေါက်စေတာမို့ စိတ်ဖိစီးမှုနည်းအောင် လျှော့ချပေးဖို့ လိုပါတယ်နော်။ Stress လျော့ဖို့ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ Yoga ကျင့်တာနဲ့ သီချင်းနားထောင်တာစတဲ့ စိတ်ဖိစီးမှုပြေစေတဲ့ Activity အချို့ကို ကြိုးစားလုပ်ကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar