Exercise တွေထဲမှာမှ Stretching Exercise လုပ်ပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုး ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ တခြား Exercise တွေမလုပ်နိုင်ရင်တောင်မှ မနက်တိုင်းမှာ Stretching Exercise လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
Stress တွေလျော့ကျစေခြင်း
Stretching Exercise လုပ်ပေးခြင်းက Stress တွေလျော့ကျသွားစေပြီး နေလို့ကောင်းသွားစေပါတယ်။ မနက်စောစော လုပ်ပေးရင်တော့ ပိုကောင်းပါတယ်။
ပေါ့ပါးမှုရှိလာခြင်း
Stretching Exercise လုပ်ပြီးရင် ကြွက်သားတင်းမာနေတာတွေ လျော့ကျပြီး အရင်ထက်ပိုပြီး ခန္ဓာကိုယ်ပျော့ပျောင်းလာပါတယ်။ ခန္ဓာကိုယ်က ပေါ့ပါးလန်းဆန်းပြီး သွက်လက်လာပါတယ်။
ကြွက်သားနာကျင်မှုသက်သာစေခြင်း
ကြွက်သားနာကျင်နေရင် ဘာမှမလုပ်ပဲ Stretching Exercise သာလုပ်ပေးပါ။ ကြွက်သားနာကျင်မှုတွေ သက်သာပြီး နေရတာပေါ့ပါးမှုရှိလာစေပါတယ်။
အိပ်လို့ပိုကောင်းလာစေခြင်း
အညောင်းအညာပြေပြီး ကြွက်သားတင်းမာနေတာတွေလည်း လျော့ကျပြီး ပေါ့ပါးမှုရှိတဲ့အတွက် အိပ်လို့လည်း ပိုကောင်းလာစေပါတယ်။ ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
သွေးလည်ပတ်မှုကောင်းမွန်စေခြင်း
Stretching Exercise လုပ်ပေးခြင်းရဲ့ နောက်ထပ်ကောင်းကျိုးကတော့ သွေးလည်ပတ်မှု ကောင်းမွန်လာတာပါပဲ။
စိတ်ရောကိုယ်ပါကြည်လင်မှုရှိစေခြင်း
နောက်ဆုံးအချက်ကတော့ Stretching Exercise လုပ်ပေးတာက ခန္ဓာကိုယ် ပေါ့ပါးလာရုံတင်မဟုတ်ပဲ စိတ်လည်းကြည်လင်ပြီး ပေါ့ပါးလန်းဆန်းသွားစေပါတယ်။