တချို့တွေက ဘာလို့များ ခဏခဏတောင်တက်ကြလဲဆိုပြီး တွေးဖူးကြမှာပါ။ အများစုကတော့ ဝါသနာပါလို့ တောက်တက်ကြတာပေါ့။ တချို့ကျတော့လည်း တစ်ခါလောက် တောင်တက်ရင်းနဲ့ ကောင်းကျိုးတွေကိုသိသွားပြီး နောက်ထပ် try ချင်ကြတာမျိုးလည်း ရှိပါတယ်။ တောင်တက်တာက ကောင်းကျိုးတွေ အများကြီးရရှိစေပါတယ်။ အထူးသဖြင့် ဒီကောင်းကျိုး ၆ ခုကို ရရှိစေပါတယ်။

စိတ်ပျော်ရွှင်မှုရစေခြင်း

တောင်တက်တာက စိတ်ပျော်ရွှင်မှုရရှိစေပါတယ်။ ပင်ပန်းတယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့နေရာ၊ တောင်ထိပ်ကို ရောက်သွားပြီဆိုရင် ငါလုပ်နိုင်ပြီဆိုတဲ့ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေ ရရှိစေပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ပိုပြီးယုံကြည်မှုရှိလာစေတယ်၊ ကိုယ့်ကိုယ်ကို strong ဖြစ်တယ်ဆိုတဲ့ ခံစားမှုမျိုးတွေလည်း ရရှိလာစေပါတယ်။

Stress တွေလျော့ကျစေခြင်း

Stress တွေများနေရင်၊ တွေးစရာတွေများနေရင်၊ အရမ်းစိတ်ပင်ပန်းနေရင် တောက်တက်လိုက်ပါ။ တောင်ထိပ်ရောက်တာနဲ့ ရှိသမျှ stress တွေ၊ စိတ်ပင်ပန်းစရာတွေ အားလုံးပျောက်သွားတဲ့ ခံစားမှုမျိုး ရသွားပါလိမ့်မယ်။

ကျန်းမာရေးအတွက်ကောင်းခြင်း

တောင်တက်ပေးခြင်းက ကိုယ်ခံစားစနစ်ပိုကောင်းလာစေတယ်၊ ခန္ဓာကိုယ်ကို balance ညီတောင် ပိုပြီးထိန်းတတ်လာတယ်၊ နှလုံးကျန်းမာရေး ပိုကောင်းလာစေတယ်၊ အမောခံနိုင်လာစေတယ်၊ ကြွက်သားတွေ ပိုမိုသန်မာလာစေတယ် အစရှိတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ အများကြီးလည်း ရရှိစေပါတယ်။

ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း

တောင်တက်ပေးခြင်းက စိတ်ပင်ပန်းမှုတွေ၊ stress တွေ ပြေပျောက်သွားတဲ့အတွက် စိတ်လွတ်လပ်ပေါ့ပါးသွားပြီး စိတ်သက်တောင့်သက်သာ ဖြစ်သွားစေတယ်၊ တောင်တက်ပြီး လူကလည်း နည်းနည်းပင်ပန်းလာတဲ့အတွက် အိပ်ချင်စိတ် ပိုဖြစ်လာမယ်၊ ဒီတော့ ပိုပြီး ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတာပေါ့။

အမှတ်တရတွေတိုးပွားလာစေခြင်း

တောင်တက်ရင်းနဲ့ရလာတဲ့ အတွေ့အကြုံတွေ၊ ပျော်ရွှင်မှုတွေ၊ မြင်ခဲ့ရတဲ့ view တွေ စတာတွေက ကိုယ့်အတွက် မမေ့နိုင်စရာ အမှတ်တရကောင်းတွေ ဖြစ်လာစေပါတယ်။

ဝိတ်ကျစေခြင်း

နောက်ဆုံးရရှိမယ့်ကောင်းကျိုးကတော့ ဝိတ်ကျစေတာပါ။ လမ်းလျှောက်ပေးတာတောင် ဝိတ်ကျတာဆိုတော့ တောင်တက်ပေးခြင်းကလည်း ဝိတ်ကျစေဖို့ အထောက်အကူပြုတဲ့ အရာတစ်ခုပါပဲ။