ကိုယ်အလေးချိန်လျော့ချဖို့ဆိုတာ အပြောလွယ်ပေမယ့် တကယ့်လိုက်လုပ်တော့မယ်ဆိုရင် အချိန်တွေ၊ အားစိုက်ထုတ်မှုတွေ အများကြီးလိုအပ်ပါတယ်နော်။ ဒါကြောင့် ‌အဆီမရှိခန္ဓာကိုယ်လေးလည်း ပိုင်ဆိုင်ချင်တယ် ဒါပေမယ့် အရမ်းပင်ပန်းတဲ့လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်ဘူး Gym တွေကို မသွားချင်ဘူး၊ အချိန်မပေးနိုင်ဘူးဆိုသူတွေအနေနဲ့ ဒီအချက်လေးတွေကို မဖြစ်မနေ လုပ်ပေးဖို့လိုအပ်ပါတယ်။

ကဲ..အခုဖော်ပြပေးမယ့် အချက်တွေကို လိုက်နာပေးခြင်းဖြင့် ဝိတ်ကျအောင် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် အားကစားလုပ်ဖို့ပျင်းတဲ့သူတွေအတွက်ရော လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်ပါ အရမ်းကိုအသုံးတည့်စေမယ့် နည်းလမ်းလေးပဲ့ ဖြစ်ပါတယ်။

၁။ရေများများသောက်ပေးပါ

ရေအသက် တစ်မနက်ဆိုတဲ့အတိုင်း ကိုယ်အလေးချိန်လျော့ချရာမှာလည်း အလွန်အရေးပါပါတယ်။ ကိုယ်အလေးချိန်လျော့ချရာမှာ ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေ၊ တစ်သျှူးတွေကို ရေဓာတ်ဖြည့်တင်းပေးပါတယ်။ ရေကို ဒီအတိုင်းသောက်ရတာရိုးတယ်ဆိုသူတွေအနေနဲ့လည်း သံပုယိုရည်အနည်းငယ်ညှစ်ထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။

၂။ ဆားလျှော့စားပါ

ဆားအများကြီး စားသုံးခြင်းက ရေဝိတ်တက်အောင် ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်အတွင်းမှာ တကယ်ရှိတဲ့ အဆီတွေထက် ပိုပြီးများနေတဲ့ပုံစံကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆားကိုလျော့ပြီးစားသုံးခြင်းဖြင့် ဝိတ်ကျမြန်စေမှာဖြစ်တာကြောင့် အစာစားတိုင်းမှာ ဆားကိုနည်းနည်းလောက်သာ ဖြူးပြီးစားသုံးပါ။

၃။ ကယ်လိုရီတွေရှောင်ရှားပါ

နည်းနည်းစားသုံးခြင်းက ဝိတ်ချရာမှာ အဓိကအချက်ဖြစ်ပြီး ကိုယ်ကြိုက်တဲ့အစားအစာတွေကို ချက်ချင်းရပ်ပစ်လိုက်ဖို့က မဖြစ်နိုင်တာကြောင့် နည်းနည်းချင်းစီ လျော့ပြီးစားသုံးပါ။ ဆိုဒါပါတဲ့အအေးတွေ၊ သကြားလုံးတွေနဲ့ ကွတ်ကီးတို့လို သကြားပမာဏအမြောက်အမြားပါဝင်တဲ့ အစားအစာတွေက ကိုယ်အလေးချိန်တက်စေရုံသာမက သွေးချိုပါဖြစ်စေနိုင်ပါတယ်။

၄။ ချွေးထွက်အောင်ပြုလုပ်ပါ

အချိန်အနည်းငယ်အတွင်းမှာ ဝိတ်ကျဖို့အတွက် အကောင်းဆုံးနည်းလမ်းက ချွေးထွက်အောင်ပြုလုပ်ခြင်းပါပဲ့။ ခန္ဓာကိုယ်အတွင်းက အဆီတွေကို ချွေးအနေနဲ့ဖယ်ထုတ်ပစ်လိုက်တာကြောင့် ဝိတ်ကျဖို့မြန်ဆန်တဲ့ နည်းလမ်းတစ်ခုပါ။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာပဲ့ဖြစ်ဖြစ် အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ပဲ့ဖြစ်ဖြစ် ချွေးထွက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ချွေးထွက်အောင်ပြုလုပ်တဲ့အခါမှာလည်း ကိုယ်တွင်းကရေဓာတ်ကို မဆုံးရှုံးရလေအောင် ရေကိုလည်း မမေ့မလျော့ဘဲ သောက်သုံးပေးပါ။

၅။ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စားသုံးပေးဖို့ မမေ့နဲ့နော်

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ ကယ်လိုရီပါဝင်မှုအလွန်နည်းပါးတာကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူတွေ မဖြစ်မနေ စားသုံးပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ ဖိုက်ဘာဓါတ်က အချိန်ကြာကြာပြည့်အင့်နေစေမှာဖြစ်ပြီး အခြားဝိတ်တက်စေမယ့် အစားအစာတွေကို စားသုံးမိခြင်းမှလည်း တားဆီးပေးနိုင်ပါတယ်။