အာလူးဆိုရင် စားလို့ရတယ်၊ မျက်ကွင်းညိုတာ သက်သာအောင် ကပ်လို့ရတယ်ဆိုတာပဲ သိကြတာများပါတယ်။ တကယ်တော့ အာလူးက ဘက်ပေါင်းစုံကနေ အများကြီးအသုံးဝင်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် လူနည်းစုပဲသိကြတဲ့ အာလူးရဲ့ ဘက်စုံအသုံးဝင်ပုံ ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

နေလောင်ထားတာတွေ

အာလူးကို အချပ်လေးတွေဖြစ်အောင်လှီးပြီး နေလောင်ထားတဲ့နေရာကို ပွတ်ပေးပါ။ ၁၅ မိနစ်လောက်နေမှ ရေခဲရေနဲ့ ပြန်သန့်စင်ပါ။ ဒီနည်းလမ်းကို တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ်လောက်သာ လုပ်ပေးပါ။ နေလောင်ထားတာတွေ သက်သာသွားပါလိမ့်မယ်။

Leather Shoes တွေ သန့်ရှင်းတောက်ပြောင်ဖို့

Leather Shoes တွေ သန့်ရှင်းတောက်ပြောင်ဖို့အတွက်ဆိုရင် အာလူးကို အချပ်လေးတွေဖြစ်အောင်လှီးပြီး ပွတ်ပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီးမှ ပြန်သန့်စင်လိုက်ပါ။

ငွေရောင်ဇွန်းတွေမဲလာရင်

ငွေရောင်ဇွန်းတွေမဲလာရင် အိုးထဲကို အာလူးထည့်၊ ရေထည့်ပြီး မဲနေတဲ့ဇွန်းပါထည့်ပါ။ ပြီးရင် တစ်နာရီပြုတ်ထားလိုက်ပါ။ အချိန်ပြည့်ရင် ဇွန်းကို brush နဲ့တိုက်ပြီး ရေသေချာဆေးကာ အဝတ်နဲ့သုတ်ပါ။ မဲနေတာတွေ ပျောက်သွားပါလိမ့်မယ်။

ဂျိုင်းဖြူဖို့အတွက်

ဂျိုင်းမဲနေရင် အာလူးကို အချပ်လေးတွေဖြစ်အောင်လှီးပြီး ၃ မိနစ်လောက် ဂျိုင်းကိုပွတ်ပေးပါ။ ပြီးရင် တစ်နာရီခွဲကြာအောင်ထားပြီးမှ ရေအေးနဲ့ပြန်သန့်စင်ပါ။ ပုံမှန်လုပ်ပေးရင် ဂျိုင်းမဲတာသက်သာပြီး ဖြူလာစေပါတယ်။

ပြတင်းပေါက်မှန်တွေကြည်လင်စေဖို့

ပြတင်းပေါက်မှန်တွေ ကြည်လင်စေဖို့အတွက် chemicals တွေ သုံးနေစရာမလိုပါဘူး။ အာလူးကို တစ်ခြမ်းခြမ်းပြီး ပြတင်းပေါက်မှန်တွေကို သုတ်ပေးပါ။ ပြီးရင် အဝတ်ခြောက်နဲ့ ပြန်သုတ်လိုက်ရုံပါပဲ။ အရမ်းလွယ်ကူတဲ့ နည်းလမ်းပါ။