အထူးသဖြင့် ခရီးဝေးသွားရလို့ ကားမောင်းတဲ့အခါမှာ အိပ်မငိုက်ပဲ နိုးကြားနေဖို့က အရမ်းအရေးကြီးပါတယ်။ တစ်ချက်လေးအိပ်ငိုက်သွားတာနဲ့ အရမ်းအန္တရာယ်များပါတယ်။ ဒါကြောင့် ကားမောင်းရင်းနဲ့ အိပ်ငိုက်တာမျိုးမဖြစ်ပဲ နိုးကြားနေဖို့အတွက ်လုပ်ပေးသင့်တဲ့ ရိုးရှင်းသောအရာ ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ထားပါ

ကိုယ်ကခရီးဝေးအကြာကြီး ကားမောင်းရတော့မယ်ဆိုရင် အိပ်ရေးဝအောင် သေချာအိပ်ထားပါ။ အိပ်ရေးမဝရင် ပိုဆိုးပါမယ်။ ခဏခဏအိပ်ငိုက်ပြီး ခေါင်းတွေကိုက်လာတာမျိုး၊ အိပ်မငိုက်ရင်တောင်မှ အိပ်ရေးပျက်တဲ့အတွက် စိတ်မကြည်တာ၊ မလန်းဆန်းပဲ ကြောင်တောင်တောင်ဖြစ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အရက်သောက်ခြင်းကိုရှောင်ပါ

ခရီးဝေးကားအကြာကြီးမောင်းရမယ်ဆိုရင် အရက်မသောက်ထားတာ အကောင်းဆုံးပါပဲ။ အရက်သောက်ထားရင် အရမ်းအန္တရာယ်များပါတယ်။

ဘေးကနေစကားပြောပေးနေပါ

ပါတဲ့အဖော်က အိပ်မနေပဲ စကားပြောပေးဖို့လိုပါတယ်။ အထူးသဖြင့် ညဘက်မောင်းတဲ့အခါမှာ မောင်းတဲ့သူအိပ်မငိုက်အောင် ဘေးကနေ စကားပြောပေးပါ။ ကားကြည့်ပေးပါ။ အဖော်မပါလို့ တစ်ယောက်ထဲမောင်းရတာဆိုရင် သီချင်းဖွင့်ပါ။

လန်းဆန်းစေမယ့် Drink တစ်ခုခုသောက်ပါ

လန်းဆန်းပြီး ခေါင်းကြည်စေမယ့် energy drink တွေ၊ ကော်ဖီတွေ သောက်ပေးပါ။ ကားအကြာကြီးမောင်းရမယ့်နေ့မှာ တက်စာတွေ၊ အဆီအဆိမ့်တွေ မစားပါနဲ့။ အိပ်ချင်နေပါလိမ့်မယ်။

ဆက်တိုက်မမောင်းပဲနားပါ

ကားမောင်းရတာ ခရီးဝေးရင် ဆက်တိုက်တောက်လျှောက် မမောင်းပါနဲ့။ ပင်ပန်းပြီး အိပ်ငိုက်လာပါလိမ့်မယ်။ နားနားပြီးမောင်းပေးပါ။ ခဏနားပြီး လမ်းဆင်းလျှောက်၊ အကြောဆန့်၊ ခဏလောက်နားပြီးမှ ဆက်မောင်းပါ။ ဒီလောက်ဆိုရင် အဆင်ပြေပါတယ်။