မိန်းကလေးတိုင်းရဲ့ အလှအပအတွက် ငှက်ပျောသီးအခွံကိုသုံးပြီး ဖြေရှင်းလို့ရတဲ့ အလှအပဆိုင်ရာပြဿနာ ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ငွေကုန်ကြေးကျသက်သာပြီး အရမ်းအသုံးဝင်စေတဲ့ နည်းလမ်းတွေဖြစ်တာကြောင့် မိန်းကလေးတိုင်း သိထားသင့်ပါတယ်။

ဝက်ခြံတွေကိုသက်သာစေခြင်း

ငှက်ပျောသီးအခွံမှာက vitamin C နဲ့ vitamin E , potassium, zinc, iron, manganese စတဲ့ nutrients တွေပါဝင်လို့ ဝက်ခြံတွေကို လျှော့ချပေးပါတယ်။ ငှက်ပျောသီးအခွံနဲ့ ဝက်ခြံပေါ်ကို ပွတ်ပေးပြီး ၅ မိနစ်၊ ၁၀ မိနစ်လောက်ထားပါ။ ပြီးရင်တော့ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကို တစ်နေ့နှစ်ကြိမ် လုပ်ပေးရုံနဲ့ ဝက်ခြံတွေ သက်သာလာစေပါတယ်။

အရေးအကြောင်းတွေကိုလျှော့ချပေးခြင်း

အရေးအကြောင်းတွေ အများဆုံးပေါ်လေ့ရှိတဲ့နေရာတွေမှာ ငှက်ပျောသီးအခွံကို မိနစ် ၃၀ လောက် ကပ်ထားပေးပါ။ အချိန်ပြည့်ရင် မျက်နှာသစ်ပြီး ကိုယ်လိမ်းနေကျ Skincare လိမ်းပေးပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၃ ကြိမ်လုပ်ပေးရုံနဲ့ အရေးအကြောင်းတွေ လျော့ကျလာစေပါတယ်။ အရေးအကြောင်းတွေ မြန်မြန်မပေါ်အောင်လည်း ကူညီပေးပါတယ်။

အမာရွတ်သက်သာစေခြင်း

အမာရွတ်ပေါ်ကို ငှက်ပျောသီးအခွံနဲ့ ကြာကြာလေးပွတ်ပေးပြီး တစ်ညထားလိုက်ပါ။ မနက်မှ ရေဆေးလိုက်ပါ။ တစ်ညမထားချင်ရင် ၁ နာရီနဲ့အထက် ထားပေးပါ။ နေ့တိုင်း တစ်နေ့ကိုခဏခဏသာ လုပ်ပေးပါ။ အမာရွတ်တွေ ဖြေးဖြေးချင်းစီပါးပြီး သက်သာသွားပါလိမ့်မယ်။

အရေပြားယားတာကိုသက်သာစေခြင်း

ငှက်ပျောသီးအခွံနဲ့ပွတ်ပေးခြင်းက အကြောင်းအမျိုးမျိုးကြောင့် အရေပြားယားတာကိုလည်း သက်သာစေပါတယ်။ ယားတဲ့နေရာကို ငှက်ပျောသီးအခွံနဲ့ ခဏပွတ်ပြီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ရုံပါပဲ။

သွားဖြူစေခြင်း

ချက်ချင်းကြီးဖြူလာတာမျိုးတော့ မဟုတ်ပေမယ့် နေ့တိုင်း တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် နေ့တိုင်း ငှက်ပျောသီးအခွံနဲ့ သွားတိုက်ပေးမယ်ဆိုရင်တော့ သွားဝါညစ်နေတာတွေ သက်သာပြီး ဖြေးဖြေးချင်းစီ သွားဖြူလာစေပါတယ်။ အချိန်ယူပြီး နေ့တိုင်း ခဏခဏလုပ်ပေးဖို့တော့ လိုပါတယ်။ ဒီလိုလုပ်နေတဲ့အချိန်မှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ရှောင်ပေးနိုင်ရင် ပိုထိရောက်ပါတယ်။

Source:www.brightside.me