ပျိုမေတို့အားလုံးမင်္ဂလာပါ။ သင်က Rich Kid တွေထဲမပါတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတဲ့ ဒါမှမဟုတ် မိသားစုအတွက် ရှာဖွေရတဲ့ မိန်းကလေးတွေအနေနဲ့ ဒီအခြေအနေကို နားလည်သဘောပေါက်မှာပါ။ ငွေရေးကြေးရေး သိပ်အဆင်မပြေပေမယ့် သင့်အတွက် ထိရောက်မယ့် ငွေစုဆောင်းနည်းတွေကိုဖော်ပြပါရစေ။

၁။ ကိုယ့်ဝါသနာနဲ့ကိုက်ညီပြီး ငွေသိပ်မစိုက်ရတဲ့ အတက်ပညာကို ရှာဖွေပါ

အတက်ပညာအသစ်တွေ၊ ကျွမ်းကျင်မှုအသစ်တွေက သင့်အတွက် ငွေရှာပေးနိုင်ပါတယ်။ ငွေစုချင်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ ပညာအသစ်တွေကို ရှာဖွေသင့်ပါတယ်။ ဒီပညာအသစ်က ကိုယ်ဝါသနာပါတာ ဖြစ်နေသင့်ပါတယ်။ ပြီးတော့ ဒီဝါသနာပါတဲ့ပညာကို သင်ယူဖို့ရာ ငွေကုန်ကြေးကျ သိပ်မများတဲ့ သင်တန်းတွေကို ရှာဖွေသင့်ပါတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်က ငွေသိပ်မကုန်တဲ့ ဝါသနာဖြစ်သင့်ပါတယ်။

၂။ ကိုယ့် Budget ကို သေချာ သတ်မှတ်ပါ

ငါဒီလမှာ ဘယ်လောက်သုံးမယ်၊ ဘယ်လောက်စုရမယ် စသဖြင့် ပန်းတိုင်ရည်မှန်းချက်ထားသင့်ပါတယ်။ ကိုယ်တစ်လစာ ကုန်မယ့် ငွေကို ကြိုတွက်ချက်ပြီး ဒီအတိုင်းပဲ အပိုငွေမကုန်စေရဘဲ သုံးသင့်ပါတယ်။

၃။ အပြင်ဆိုင် ထွက်မစားပါနဲ့

သင်က ငွေစုနေသူတစ်ယောက်ဆိုရင် အပြင်ထွက်ပြီး စားတာမျိုး သိပ်မလုပ်သင့်ပါဘူး။ အိမ်မှာပဲ ချက်ပြုတ်စားသုံးသင့်ပါတယ်။ အပြင်ထွက်စားတာက သင့်အတွက် ငွေကုန်ကြေးကျ ပိုများနိုင်ပါတယ်။

၄။ ဈေးကြီးတဲ့အဝတ်အစားတွေမဝယ်ပါနဲ့

အဝတ်အစားဆိုတာ အရည်အသွေးကောင်းမှ ကြာရှည်ခံပြီး ဝတ်ရတာ သက်တောင့်သက်သာဖြစ်မှာပါ။ ဒါပေမဲ့သင့်အနေနဲ့ ဈေးအသင့်အတင်ထဲကပဲ အရည်အသွေးကောင်းတာလေးကိုပဲ ရှာဝယ်သင့်ပါတယ်။ တစ်ခါတလေ Brand ဆိုတာကလည်း နာမည်ပဲရှိတာပါ။ ဘာမှသိပ်မဟုတ်ပါဘူး။

၅။ အခွန်ဆောင်ခကို တက်နိုင်သလောက်လျှော့ချပါ

သင်က ဖုန်းဘေနဲ့ အင်တာနက်သုံးရသူဆိုရင် တတ်နိုင်သလောက် နည်းနိုင်သမျှ နည်းနည်းစီသုံးပေးသင့်ပါတယ်။ မီတာခမတက်အောင် စနစ်တကျ သုံးစွဲသင့်ပါတယ်။ ဘေလ်ခတွေကို လျှော့ချတာက သင့်အတွက် ငွေစုဖို့ အခွင့်အရေး ပိုပေးလိုက်သလိုပါပဲ။

Photo Source: Pinterest

By MyStyle Myanmar