အိပ်ယာထနောက်ကျပြီဆိုရင် အကုန်တလွဲတွေဖြစ်၊ အဆင်မပြေတာတွေ ဖြစ်တော့တာပါပဲ။ ရုံးသွားကျောင်းသွားဆိုလည်း အမြဲနောက်ကျနေရင် အဆင်မပြေပါဘူး။ ဒါကြောင့် အိပ်ယာထ နောက်ကျတတ်တဲ့သူတွေအတွက် အသုံးဝင်စေမယ့် Tips 5 ခုကို မျှဝေပေးလိုက်ပါတယ်။

ညဘက်စောစောအိပ်ပါ

အရေးကြီးတဲ့ Tip ကတော့ ညဘက်စောစောအိပ်ဖို့ပါပဲ။ ညဘက်တွေမှာ နောက်ကျမှအိပ်ရင် မနက်မထနိုင်ပဲ အိပ်ယာထနောက်ကျမှာပါ။ ဒါကြောင့် စောစောအိပ်တတ်အောင် အကျင့်လုပ်ပြီး စောစောအိပ်ပါ။ ဒါမှလည်း စောစောနိုးမှာ၊ အိပ်ယာထနောက်ကျတာတွေ မဖြစ်တော့မှာပါ။

အိပ်ခါနီးဖုန်းမသုံးပါနဲ့

အိပ်ခါနီးဖုန်းသုံးရင် မျက်စိကြောင်ပြီး တော်ရုံနဲ့အိပ်မပျော်ပါဘူး။ ဒါကြောင့် အိပ်ခါနီးမှာ ဖုန်းသုံးတာ Screen Time သုံးတာတွေကို ဆင်ခြင်ရပါမယ်။ 10 နာရီပုံမှန်အိပ်မယ်ဆိုရင် 8:30 လောက်ထဲက ဖုန်းမကြည့်ပါနဲ့တော့။

ကြိုတင်ပြင်ဆင်ပါ

လုပ်စရာရှိတာတွေကို ညထဲက ကြိုတင်ပြင်ဆင်ပြီး အဆင်သင့်လုပ်ထားပါ။ ဒါဆိုရင် ယူရမယ့်ပစ္စည်းတွေလည်း မေ့တာမျိုးမဖြစ်တော့သလို အချိန်ကုန်လည်း သက်သာစေပါတယ်။ နည်းနည်းလေး အိပ်ယာထနောက်ကျရင်တောင် အဆင်သင့်ပြင်ပြီးသားမို့ အချိန်ထပ်မကြာတော့ဘူးပေါ့။

နှိုးစက်ပေးပါ

အိပ်ယာထနောက်ကျတတ်တယ်ဆိုရင် နှိုးစက်ပေးပါ။ တစ်ခါတစ်လေကျရင် စောစောအိပ်လည်း မနိုးတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် နှိုးစက်ပေးထားရင် အဆင်ပြေမှာပါ။ တစ်ကြိမ်ပဲမပေးပဲ 3 ကြိမ် – 5 ကြိမ်လောက်သာ ပေးထားပါ။

တရားထိုင်၊ ယောဂကျင့်ပါ

တရားထိုင်ပေးတာ၊ ယောဂကျင့်ပေးတာကလည်း အိပ်မပျော်တာကို သက်သာစေပြီး ကောင်းကောင်းမွန်မွန် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ Stress တွေလည်း လျော့ကျစေပါတယ်။ ညဘက်မှာ အိပ်မပျော်တတ်တဲ့သူဆိုရင် စောစောအိပ်လည်း အိပ်ပျော်ဖို့ ခက်ခဲမှာပါ။ နောက်ကျမှအိပ်ပျော်ရင် အိပ်ယာထတာလည်း နောက်ကျသွားမှာပါ။ ဒါကြောင့် ဒီ Tip ကလည်း အရမ်းအသုံးဝင်ပါတယ်။