မိန်းကလေးတိုင်းအတွက် အသုံးဝင်စေမယ့် beauty hacks (၅) ခုကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် အရေးပေါ်အခြေအနေတွေမှာပဲဖြစ်ဖြစ်၊ ပိုက်ဆံချွေတာချင်ရင်ပဲဖြစ်ဖြစ် ဒါလေးတွေက အရမ်းအသုံးဝင်ပါတယ်။

Dry Shampoo

Dry shampoo မရှိရင် ပြောင်းဂျုံ၊ မုန့်ဖုတ်ဆိုဒါ၊ white clay နဲ့ ပေါင်ဒါတို့ကို ရောမွှေလိုက်ရင် dry shampoo အဖြစ်နဲ့ သုံးလို့ရပါတယ်။ ခေါင်းလျှော်ဖို့ အဆင်မပြေတဲ့အခါတွေမှာ ရောမွှေပြီးလုပ်ထားတဲ့ dry shampoo ကို ဘီးနဲ့ထိုးချပြီး ခေါင်းဖြီးလိုက်ရုံပါပဲ။

မျက်တောင်ထူထူလေးရဖို့အတွက်

Cotton pad ကို ပုံမှာပြထားတဲ့အတိုင်း နှစ်ခြမ်းခွာချလိုက်ပြီး အထဲက ဂွမ်းဖတ်တွေကို mascara brush နဲ့ယူပြီး မျက်တောင်ကော့ပေးပါ။ ပြီးမှ mascara နဲ့ ထပ်ကော့ပါ။ ဒါဆိုရင်တော့ ပုံမှန်ထက်ပိုပြီး မျက်တောင်ထူထူသိပ်သိပ်လေး ဖြစ်သွားပါလိမ့်မယ်။

Mayonnaise Hair Mask

Mayonnaise နဲ့ ဆံပင်ပေါင်းတင်ပေးရင် ဆံသားခြောက်ပြီးဖွာတာ၊ ဆံပင်နှစ်ခွဖြစ်တာတွေကို သက်သာစေပါတယ်။ ဆံသားအတွက် moisturizing effect အပြည့်အဝရစေပါတယ်။

ရေမွှေးဆွတ်ထားတာကြာရှည်ခံစေဖို့

ရေမွှေးဆွတ်ထားတာ ခန္ဓာကိုယ်မှာ အနံ့ပိုဆွဲစေချင်ရင်၊ အနံ့ကြာရှည်ခံစေချင်ရင် ရေချိုးပြီးခါစ ရေမခြောက်သေးတဲ့အချိန် wet skin ကို ဖြန်းပေးပါ။

Eyeshadow ကြေမွသွားရင်

Eyeshadow တို့ bronzer တို့ ကြေမွသွားရင် ပိုက်ဆံအကုန်အကျသက်သာအောင် အရက်ပြန်နည်းနည်းထည့်ပြီး ဇွန်းနဲ့ လိုက်ဖိချပေးပါ။ ကြေမွနေတာတွေက ပြန်စုသွားပြီး အကောင်းအတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။ ကုန်ခါနီးတွေဆို ကိစ္စမရှိပေမယ့် အသစ်တွေ၊ အများကြီးကျန်သေးတာတွေက ဖြစ်သွားတာဆိုရင် အရမ်းနှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် ဒီ beauty hack က အသုံးဝင်စေမှာပါ။