Bad Mood ကတော့ တစ်ခါတစ်လေ ဝင်တတ်တာပါပဲ။ တချို့ကျတော့လည်း အမြဲလိုလို Bad Mood ဝင်နေတာမျိုးလည်း ရှိပါတယ်။ Bad Mood ဝင်ရင် ဘာဆက်ဖြစ်မလဲဆိုတော့ စိတ်တိုဒေါသထွက်လွယ်မယ်၊ ဝမ်းနည်းလိုက်၊ စိတ်တိုလိုက်တွေ ဖြစ်နေမယ်၊ စိတ်မရှည်တာ၊ အမြင်မကြည်တာတွေ ဖြစ်လာမယ်၊ စိတ်ဓာတ်ကျတာတွေလည်း ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် Bad Mood ဝင်နေတာကို အမြန်ဆုံး ပျောက်အောင်လုပ်ပေးနိုင်မယ့် အရာ ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက စိတ်ပေါ့ပါးလန်းဆန်းပြီး စိတ်အပြောင်းအလဲ ဖြစ်စေပါတယ်။ လန်းဆန်းတက်ကြွစေပါတယ်။ ဒါကြောင့် Bad Mood တွေ အမြန်ဆုံးပျောက်ချင်ရင် လေ့ကျင့်ခန်းများများလုပ်လိုက်ပါ။ ပြေးတာ၊ ရေကူးတာ၊ ကြိုးခုန်တာတွေ လုပ်ရင်လည်းရပါတယ်။

သူငယ်ချင်းတွေနဲ့ပျော်ပါးပါ

Bad Mood တွေကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ထဲမှာ ချစ်ရတဲ့သူငယ်ချင်းတွေလည်း ပါပါတယ်။ သူတို့နဲ့တွေ့ပြီး ပျော်ပါးလိုက်ရင် စိတ်ညစ်နေတာတွေတောင် မေ့ပျောက်သွားစေပါတယ်။ ဒါကြောင့် တစ်ယောက်ထဲမနေပဲ သူငယ်ချင်းတွေနဲ့ တွေ့လိုက်ပါ။

ရုပ်ရှင်ကြည့်ပါ

စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်တွေ၊ ဟာသကားတွေ ကြည့်လိုက်မယ်ဆိုရင်လည်း ရုပ်ရှင်ထဲမှာ စီးမျောသွားတဲ့အတွက် Bad Mood ထဲကနေ ထွက်နိုင်သွားပါမယ်။ ဒါက အလွယ်ကူဆုံးအရာ ဖြစ်မှာပါ။

တရားထိုင်ပါ

Bad Mood ဝင်နေချိန်မှာ ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး၊ တစ်ယောက်ထဲပဲ အေးဆေးနေချင်တယ်ဆိုရင်တော့ တရားထိုင်ပါ။ တရားထိုင်တာက စိတ်တည်ငြိမ်စေပါတယ်။ Stress တွေ လျော့ကျသွားစေပါတယ်။

Social Media မသုံးပဲနေလိုက်ပါ

တစ်ခါတစ်လေကျရင် Bad Mood ဝင်နေချိန်မှာ Social Media သုံးလိုက်တာက ကိုယ့်အတွက် ပိုပြီးတော့ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ စိတ်အခြေအနေ ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် Social Media မသုံးပဲ ခဏလောက်နေလိုက်ပြီး အပြင်မှာပဲ စာဖတ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ အပြင်သွားလိုက်နဲ့ အပန်းဖြေကြည့်ပါ။